ရန်ကုန်၊မေ၁ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ လန်ဆယ်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လန်ဆယ်ကျေးရွာ အနီးရှိ လကင်ချောင်းရေ မြင့်တက် လာမှုကြောင့် ရေစီးနှင့်အတူ သစ်လုံးများ မျောပါ တိုက်မိ၍ လန်ဆယ်ရွာရှိ လူနေအိမ် အလုံး၅ဝ နှင့် အလယ်တန်း ကျောင်းရှိ အဆောင် အဟောင်း သုံးလုံး၊ လကင်ရွာရှိ...
ရန်ကုန်၊ မေ၁ရက် (ဆင်ဟွာ)ရန်ကုန်မြို့၊ ကုန်သည်လမ်းပေါ်ရှိမြို့ပြအမွေအနှစ်အဆောက်အအုံတစ်လုံးကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ယခု စတင်ပြသထားရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ကွီတို ၊ မေ ၁ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံအနောက်ဖက်ကမ်းခြေတွင် ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံထဲတွင် ၁၃ ရက်ကြာပိတ်မိနေသော အသက် ၇၂ အရွယ်အဖိုးအိုတစ်ဦးအား ဗင်နီဇွဲလား ကယ်ဆယ်ရေးလုပ်သားများက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံက ဧပြီ ၃ဝ ရက်တွင် ကြေညာလိုက်သည်။
နယူးဒေလီ၊မေ ၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ တောင်ထူထပ်သည့် Uttarakhand ပြည်နယ်တွင် လွန်ခဲ့သော ၂ လ မှစတင်ကာ လောင်ကျွမ်းနေသော တောမီးကြောင့် လူ ၇ ဦးထက်မနည်းသေဆုံးသွားပြီဖြစ်ကြောင်း ပြည်နယ်အကြီးရဲအရာရှိတစ်ဦးက မေ ၁ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ မေ၁ရက် (ဆင်ဟွာ) အစိုးရသစ်အနေဖြင့် အလုပ်သမားကြီးများနဲ့ လက်တွဲပြီး လူမှုရေးတရားမျှတမှုအပေါ်အခြေခံတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှု နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ယနေ့အလုပ်သမားနေ့တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်၏ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင်ပါရှိသည်။
ရန်ကုန်၊ မေ ၁ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ်၊ ကယားပြည်နယ် ဘော်လခဲခရိုင် ရွာသစ်မြို့တို့တွင် ဧပြီလ ၃၀ တွင် လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် နေအိမ်အချို့ပျက်စီးခြင်း၊ ထီးတော်များမြေခခြင်း၊ စာသင်ကျောင်းတချို့ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ပေကျင်း ၊ မေ ၁ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ခေတ်သစ်ပိုးလမ်းမကြီးတွင် အကံျူးဝင်သည့်နိုင်ငံအားလုံး၏ ရေရှည် အကျိုးစီးပွားကိုကြည့်ပြီး တရုတ်နိုင်ငံက ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုက်သည်။
ရီယိုဒီဂျနေရို ၊ မေ ၁ ရက် (ဆင်ဟွာ) ဘရာဇီး U-23 အသင်း ဘောလုံးအကျော်အမော် Gabriel Jesus အား ခေါ်ယူရန် မန်ချက်စတာ အသင်း နှင့် အက်သလက်တီကိုမက်ဒရစ် အသင်းတို့အပြိုင်စိတ်ဝင်စားနေကြောင်း သိရသည်။
ဂွမ်းဇူး ၊ မေ ၁ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ထိုင်ဝမ်ကျွန်း မှ ၃၂ ဦးအပါအဝင် ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၉၇ ဦးအား တရုတ်နိုင်ငံသို့ဧပြီ ၃ဝ ရက်က ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီ လုပ်ငန်းများအတွက် ၃၁၅၁ ဦးအား ပြန်ကြားရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြု လက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။