Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲရလဒ်များအား ပြန်လည်တင်ပြရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

Development Effectiveness Roundtable ) ဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားနေစဉ်(ဓာတ်ပုံ- အတိုင်ပင်ခံရုံး)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ယနေ့ နေပြည်တော်ရှိ MICC-2တွင် ကျင်းပနေသော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး (Development Effectiveness Roundtable ) ဆွေးနွေးပွဲ၏ ရလဒ်များအား ပြန်လည်တင်ပြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်။

“ဒီနေ့ဆွေးနွေးပွဲရဲ့ ရလဒ်များကို တင်ပြပေးစေလိုပါတယ်၊ ရရှိလာတဲ့ ရလဒ်များကို ပွင့်လင်းမြင်သာစွာနဲ့ မျှဝေပေးသွားကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ တခြားသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတာကို လေ့လာနိုင်မှာဖြစ်ပြီး ရရှိလာတဲ့ အတွေ့အကြုံ ကောင်းတွေကို ပြန်လည်အသုံးချကောင်းချနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီရင်ခံစာကို ဖြန့်ဝေသွားရမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး (Development Effectiveness Roundtable )ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် အလုပ်အကိုင်ရှာဖွေတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့အစည်းအဝေးမှာ မိမိတို့ လက်ရှိကြုံတွေ့နေရတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများနဲ့ပတ်သက်ပြီး ပွင့်လင်းစွာ၊ တူညီစွာ ဆွေးနွေးသွားနိုင်ပါတယ်၊ ဆွေးနွေးကြရာမှာ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ့် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု၊ ရှေ့ဆက်ဆောင်ရွက်နိုင်မယ့် ချဉ်းကပ်မှု၊ ဆန်းသစ် ခိုင်မာတဲ့ ချဉ်းကပ်မှု နည်းလမ်းတွေပေါ်ထွက်လာအောင် ဆွေးနွေးခြင်းအားဖြင့် အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချစေလိုပါတယ်” ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၈ ခုနှစ်တွင် ဘဏ္ဍာရေးနှစ်ပုံစံသစ် ပြောင်းလဲ လိုက်ခြင်းနှင့် အတူ များပြားလှသော ပြုပြင် ပြောင်းလဲမှုများ စတင်နေပြီ ဖြစ်ကြောင်း၊ ယုံကြည်အားကိုးရပြီး စိတ်စေတနာကောင်းရှိကြသည့် ရေခြားမြေခြားမှ မိတ်ဆွေများနှင့်အတူ မှန်ကန်သော ဆောင်ရွက်ချက်များ၊ ပိုမိုခိုင်မာသော ရည်ရွယ်ချက်များနှင့် ပြန်လည်ဆန်းသစ်ပြီး ၂၀၁၈ ခုနှစ်၌ ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ယနေ့ အစည်းအဝေးကနေ ရရှိလာမည့် အခွင့်အလမ်းများကို အသုံးပြုကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.