Connect with us

Africa & Middle East

ဖီဂျီနိုင်ငံတွင် လူ နှစ်ဦး လိုက်ပါသွားသည့် လေယာဉ်ငယ် ပျောက်ဆုံး

လေယာဉ်ငယ်တစ်စင်း ပျံသန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆူဗား၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံ မြောက်ပိုင်း Vanu Leva ကျွန်းတွင် လူနှစ်ဦး လိုက်ပါသွားသော လေယာဉ်ငယ် တစ်စင်းသည် ဖေဖော်ဝါရီလ ၂၆ ရက် အစောပိုင်းက ပျောက်ဆုံးနေကြောင်း သိရသည်။

Pacific Flying School မှ ပိုင်ဆိုင်သော အဆိုပါ လေယာဉ်သည် ဖေဖော်ဝါရီလ ၂၆ ရက် အစောပိုင်းက South Pacific Island ပြည်နယ်၏ တတိယအကြီးဆုံးမြို့ဖြစ်သော Nadi မှ ထွက်ခွာလာခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည်အစောပိုင်းတွင် ဖီဂျီနိုင်ငံ Vanua Leva ကျွန်း၏ မြို့တော် Labasa မြို့ Korotari အနီး၌ နောက်ဆုံး တည်နေရာတွေ့ရှိခဲ့ကြောင်း Fijivillage ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

လေယာဉ်ပျောက်ဆုံးမှုအား ဖီဂျီ ရဲတပ်ဖွဲ့က အတည်ပြုထားပြီး ရှာဖွေရေးအတွက် အဖွဲ့ သုံးဖွဲ့ စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.