Connect with us

Australia / Oceania

ပါပူအာနယူးဂီနီတွင် ပြင်းအား ၇.၅ ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်၊ လူအသေအပျောက် မရှိဟုဆို

ငလျင်ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ပါပူအာနယူးဂီနီနိုင်ငံ တောင်ဘက်ပိုင်း ကုန်းမြင့်ဒေသပြည်နယ်ဖြစ်သော Mendi အနောက်တောင်ဘက် ၉၆ ကီလိုမီတာအကွာ၌ ပြင်းအား ၇.၅ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ ငလျင်သည် ဖေဖော်ဝါရီလ ၂၅ ရက် ဒေသစံတော်ချိန် ၅း၄၄ နာရီအချိန်၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တောင်လတ္တီကျု ၆.၁၄၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၄၂.၇၆၆ ဒီဂရီအကြား မြေအောက်အနက် ၃၅ ကီလိုမီတာအား ဗဟိုပြုခဲ့ကြောင်း တိုင်းတာရရှိခဲ့သည်။

လူဦးရေ ၅၀၀၀၀ ဝန်းကျင်ရှိသည့် မြို့နယ်တစ်ခုတွင် ငလျင်ကြောင့် လူအသေအပျောက် မရှိကြောင်း ဖော်ပြထားသော်လည်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးမှ Don Blakeman က ပျက်စီးမှုများ ရှိနိုင်ကြောင်း မီဒီယာအား ပြောကြားခဲ့သည်။

“မတ်စောက်သော တောင်ကြား သို့မဟုတ် ဆောက်လုပ်ရေး၊ အဆောက်အဦများ၊ သတ္တုတွင်းများ စတဲ့ ပုံစံတူများဟာ ဘယ်လို ဘူမိဗေဒ အခြေအနေမျိုးမဆို ငလျင်ဒဏ်ကို ပိုပြီးခံရကြတယ်” ဟု ၎င်းက ဆိုသည်။

မြေပြန့်ဒေသတွင်မူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

လက်ရှိ အချိန်အထိ ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.