Connect with us

Asia

အရေးယူမှုအသစ် ချမှတ်ပါက တန်ပြန်တုံ့ပြန်မှု ပြုလုပ်သွားမည်ဟု အမေရိကန်အား မြောက်ကိုရီးယားသတိပေး

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဖေဖော်ဝါရီ ၂၆ (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတသမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံအား ရေကြောင်းပိတ်ဆို့မှု နှင့် အခြားအရေးယူမှုအသစ်များ ချမှတ်သွားမည့်အကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း အပေါ် အမေရိကန်နိုင်ငံအား “ ကိုယ်ပိုင်နည်းလမ်းဖြင့် တန်ပြန်တုံ့ပြန်မှု” ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီ ၂၅ ရက်တွင် သတိပေးပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်ထဲတွင် ပြုံချန်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းမှာ တောင်ကိုရီးယားနိုင်ငံ၏ ပူးပေါင်းပါဝင်မှု နှင့် မြောက်ကိုရီးယားနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

“ ပြုံချန်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲလုပ်နေပါပြီ။ ဒါပေမယ့် အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အမျိုးမျိုးကို ထုတ်ဖော်ကြေညာခြင်းအားဖြင့် ကိုရီးယားကျွန်းဆွယ်ကို စစ်ဖြစ်အောင် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်အောင် အခြားတိမ်ဖုံးမှုတွေ ဖြစ်လာဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံအပေါ် “ အလွန်ကြီးမားသော ပိတ်ဆို့အရေးယူမှုများ” ပြုလုပ်သွားမည်ဟု ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။၎င်းပိတ်ဆို့ မှု အသစ်သည် မြောက်ကိုရီးယားနိုင်ငံအပေါ် ပြုလုပ်ခဲ့သော ပိတ်ဆို့မှုများအနက် အကြီးမားဆုံးဖြစ်ပြီး ကုန်တင်သင်္ဘောများ ၊ သင်္ဘောကုမ္မဏီများ နှင့် စီးပွားရေးကုန်သွယ်မှုများ ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.