Connect with us

Science & Technology

တရုတ် နိုင်ငံ ၏ နျူကလီးယား စွမ်းအင် ပိုင်ဆိုင်မှုသည် အမေရိကန် နိုင်ငံ အား ကျော်လွန်တော့မည် ဖြစ်ကြောင်း နိုင်ငံတကာ စွမ်းအင်ရေးရာဌာန ညွှန်ကြားရေးမှူး ပြောကြား

တရုတ် နိုင်ငံ တွင် နျူကလီးယား စွမ်းအင် လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာ စွမ်းအင်ရေးရာဌာန ညွှန်ကြားရေးမှူး Fatih Birol က လန်ဒန် မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး တစ်ခု၌ တရုတ် နိုင်ငံ ၏ နျူကလီးယား စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ အနာဂတ် တွင် တရုတ် နိုင်ငံ သည် အမေရိကန် နိုင်ငံ ကို ကျော်လွန်၍ ကမ္ဘာ့ နျူကလီးယား စွမ်းအင် အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာတော့မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ လက်ရှိချိန်တွင် ကမ္ဘာပေါ်ရှိ နျူကလီးယား စွမ်းအင် စုစုပေါင်း သုံးပုံတစ်ပုံ သည် တရုတ် နိုင်ငံ တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး နိုင်ငံတကာ စွမ်းအင်ရေးရာဌာန ညွှန်ကြားရေးမှူး Fatih Birol ၏ ခန့်မှန်းချက်အရ ၂၀၃၀ ခုနှစ်တွင် တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ကို ကျော်လွှား နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Fatih Birol က အလားတူ နေရောင်ခြည် စွမ်းအင် ကဏ္ဍတွင်လည်း တရုတ် နိုင်ငံ အနေဖြင့် အဆင့်မြင့် နည်းပညာ များကို ပိုင်ဆိုင်ထားပြီး ထုတ်လုပ်အရင်းအနှီးများကို လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့ကာ အခြား နိုင်ငံများထက် စွမ်းဆောင်မှု များစွာ ပိုမိုကောင်းမွန်သည့် နည်းပညာများကို အခြားနိုင်ငံများသို့ မျှဝေရန် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Fatih Birol က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် တရုတ် နိုင်ငံ ၏ တီထွင်စမ်းသစ်မှု ၊ ညှိနှိုင်းဆောင်ရွက်မှု ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ၊ တံခါးဖွင့်ဝါဒဆောင်ရွက်မှု နှင့် အတူတကွမျှဝေဆောင်ရွက်မှု တို့အား ခိုင်မြဲစွာ ဆောင်ရွက်သည့် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင်သစ် သည် သန့်စင်စွမ်းအင် ထုတ်လုပ်မှု ကဏ္ဍ ကို ကြီးထွားတိုးတက်လာစေခဲ့ပြီး ကာဘွန်လျှော့ချရေး နှင့် လုံခြုံပြီး စွမ်းရည်မြင့်မားသည့် စွမ်းအင် ထုတ်လုပ်ရေး စနစ် ကို တည်ထောင်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.