ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု အတွင်း နေထိုင်ကြသည့် ဆလုံ တိုင်းရင်းသား ဦးရေသည် လက်ရှိတွင် ၁,၈ဝဝ ကျော်သာ ကျန်ရှိတော့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ ထံမှသိရသည်။
ရန်ကုန်၊မတ် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ ရုပ်သေးပွဲတော်ကို ဧပြီ ၂ နှင့် ၃ ရက်တို့တွင် မန္တလေးမြို့ရှိ အမျိုးသား ဇာတ်ရုံတွင် ကျင်းပမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ မြန်မာရုပ်စုံ သဘင်အသင်းမှ တာဝန်ရှိသူကပြောသည်။
နယူးဒေလီ၊ မတ် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ သမ္မတ ရွေးချယ်တင်မြှောက်မှုအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကားဖော်ပြခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ရန် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြား လိုက်သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၌ အလုပ်အမှုဆောင် အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်ခံရသည့် အတွက် ဂုဏ်ယူကြောင်း သမ္မတ ရွေးချယ်မှုအား စောင့်ကြည့်သူ ပြည်သူများက...
နေပြည်တော် ၊ မတ် ၁၅ ရက် (ဆင်ဟွာ) ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက် နှင့် အမည် စာရင်း ၊ ပြည်ထောင်စု ဝန်ကြီး ဦးရေ သတ်မှတ်ခြင်းများကို မတ် ၁၇ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု...
ဟာဗားနား၊ မတ် ၁၄ ရက် (ဆင်ဟွာ) ကျူးဘားနှင့် အမေရိကန် နှစ်နိုင်ငံအကြား အဝင်ခေါ်ဆိုမှုနှင့် အထွက်ခေါ်ဆိုမှုများအတွက် နိုင်ငံတကာ တိုက်ရိုက် တယ်လီဖုန်းလိုင်း တည်ထောင်ရန် သဘောတူညီချက် တစ်ခုအား နှစ်နိုင်ငံ ဆက်သွယ်ရေး လုပ်ငန်းများ က မတ်လ ၁၄ ရက်က လက်မှတ် ရေးထိုးခဲ့သည်။
လော့စ်အိန်ဂျလစ်၊ မတ် ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံး၏ ခွင့်ပြုချက်ရရှိပါက လော့စ်အိန်ဂျလစ်နှင့် ပေကျင်း အကြား နားရက်မရှိ နေ့စဉ် တိုက်ရိုက် ပျံသန်းမည့် အစီအစဉ်တစ်ခုအား Delta လေကြောင်းလိုင်းက မတ်လ ၁၄ ရက် ကြေညာလိုက် သည်။
နေပြည်တော်၊ မတ် ၁၅ ရက် (ဆင်ဟွာ) “ပြည်သူတွေရဲ့အောင်ပွဲပါ၊ အမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်ပွဲပါ” ဟု နိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်ခံခဲ့ရသော ဦးထင်ကျော်က ယနေ့ နေ့ခင်း သမ္မတရွေးကောက်ပွဲပြီးတွင် ပြောကြားခဲ့သည်။
နေပြည်တော်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ဒုတိယ သမ္မတ သုံးဦးကို မဲခွဲပြီး ဆုံးဖြတ်ရာ ထောက်ခံမဲ ၃၆၀ ဖြင့် ပြည်သူ့လွှတ်တော်အစုအဖွဲ့ကတင်သွင်းသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထင်ကျော်သည် နိုင်ငံတော် သမ္မတ ဖြစ်သွားကြောင်း ပြည်ထောင်စု လွှတ်တော်...
ရန်ကုန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ) ယနေ့ကျင်းပပြုလုပ်သော နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် နိုင်ငံတော် သမ္မတအား နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက လျှို့ဝှက် ဆန္ဒပြု၍ ဆန္ဒမဲလက်မှတ်ဖြင့် မဲပေး ရွေးချယ်နေကြပြီ...