Connect with us

Africa & Middle East

လစ်ဗျား နိုင်ငံ မြို့တော် ရှိ လေဆိပ် အနီးတွင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၈၉ ဦး သေဆုံးဒဏ်ရာရရှိ

လစ်ဗျား နိုင်ငံ မြို့တော် ထရီပိုလီ ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တူနီးရှား ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

လစ်ဗျား နိုင်ငံ လုံခြုံရေး ဝန်ကြီးဌာန နှင့် ကျန်းမာရေး ဝန်ကြီးဌာန တို့၏ သတင်းအရင်းအမြစ်များအရ လစ်ဗျား နိုင်ငံ မြို့တော် ထရီပိုလီ ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီးတွင် ဇန်နဝါရီ ၁၅ ရက်နေ့၌ လက်နက်ကိုင် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ခံခဲ့ရကာ လူပေါင်း ၈၉ ဦး သေဆုံးဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

လစ်ဗျား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ လေဆိပ် လုံခြုံရေး တာဝန် ထမ်းဆောင်သော အထူးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် Bashir al-Baqarah လက်နက်ကိုင် အဖွဲ့အစည်း က ယခု တိုက်ခိုက်မှု ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထရီပိုလီ စစ်ပြေပြင် ဆေးရုံအုပ် Abduddayem Al-Rabri က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် တိုက်ခိုက်မှုကြောင့် လက်ရှိချိန်တွင် လူပေါင်း ၂၀ ဦး သေဆုံးခဲ့ပြီး ၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူများအတွင် အရပ်သားများလည်း ပါဝင်ခဲ့ပြီး သေဆုံးသူ စာရင်း ပိုမို မြင့်တက် လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

လစ်ဗျား နိုင်ငံ လေကြောင်းဌာန က တိုက်ခိုက်မှုကြောင့် လေဆိပ်အတွင်း ရပ်နားထားသည့် လေယာဉ် ၅ စင်း ဆိုးရွားစွာ ပျက်စီးခဲ့ပြီး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် လေဆိပ်ကို ယာယီပိတ်သိမ်းထားကြောင်း ထုတ်ပြန်ခဲ့သည်။

Bashir al-Baqarah လက်နက်ကိုင် အဖွဲ့အစည်း ၏ တိုက်ခိုက်ရသည့် ရည်ရွယ်ချက်မှာ လေဆိပ် အနီးရှိ အကျဉ်းထောင် တွင် ဖမ်းဆီးထားသော အကြမ်းဖက် အဖွဲ့အစည်း အဖွဲ့ဝင် များကို ကယ်ထုတ်ရန် ဖြစ်ပြီး ယင်းအကျဉ်းထောင် တွင် အကြမ်းဖက် သမားပေါင်း ရာနှင့်ချီ၍ ဖမ်းဆီးထားကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.