Connect with us

Latin America

ကိုလံဘီယာတွင် ဆောက်လက်စ တံတားပြိုကျမှုကြောင့် လူ ၁၀ဦးသေဆုံး

ကိုလံဘီယာတွင် ဇန်နဝါရီ ၁၅ရက်က ပြိုကျခဲ့သည့် ဆောက်လက်စတံတားအားတွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းတွင် ဇန်နဝါရီ ၁၅ ရက်က ဆောက်လက်စ တံတားတစ်စင်းပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြို့တော် ဘိုဂိုတာမြို့ နှင့် အနီးအနားရှိ Villavicencio မြို့ ကို ဆက်သွယ်ပေးထားသော အဝေးပြေးလမ်းမ၏ လမ်းပိုင်းပေါ်ရှိ တံတားအစိတ်အပိုင်းတစ်ခု ပြုတ်ကျခဲ့၍ အခြားလူ ၂ဦးလည်းပျောက်ဆုံးနေပြီး ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သေဆုံးသွားသူများသည် ဆောက်လုပ်ရေးအလုပ်သမားများဖြစ်ပြီး အမြင့် ၂၈၀မီတာနီးပါးမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း နှင့် မတော်တဆမှုဖြစ်ပွားချိန်တွင် တံတားပေါ်၌ အလုပ်သမား ၂၀ဦးရှိနေကြောင်း သိရသည်။

၎င်းက “လူ ၁၀ဦးသေဆုံးခဲ့ပါတယ်။ လူ ၉ဦးဟာ အခင်းဖြစ်ပွားတဲ့နေရာမှာပင် သေဆုံးသွားပြီး ကျန်တစ်ဦးကတော့ ဆေးရုံသို့ ရောက်ရှိစဉ်မှာ သေဆုံးသွားခဲ့ပါတယ်” ဟု ပြည်တွင်းသတင်းဋ္ဌာနတစ်ခုအားပြောကြားခဲ့သည်။

Caracol သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဗွီဒီယိုဖိုင်အရ တံတား၏ တစ်ဝက်သည် မူလအတိုင်းကျန်ရှိနေပြီး ကျန်တစ်ဝက်သည် ရေထဲသို့ကျိုးကျသွားခဲ့ကြောင်း သိရသည်။

အဆိုပါတံတားသည် ပြီးဆုံးရန် ၂၀မီတာခန့်သာ လိုတော့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.