ဂျာကာတာ၊ မတ် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီရေလက်ကြား၌ မတ်လ ၄ရက်နေ့က ဖယ်ရီသင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးခဲ့သည့် သင်္ဘောကပ္ပတိန်၏ရုပ်အလောင်းအား နစ်မြုပ်နေသည့် သင်္ဘောအတွင်းမှ ကယ်ဆယ်ရေးသမားများက မတ်လ ၆ရက်နေ့တွင် ဆယ်ယူနိုင်ခဲ့ပြီး သင်္ဘောနစ်မြုပ်မှု၌ သေဆုံးသူ ၅ဦး အထိရှိလာကြောင်း ကယ်ဆယ်ရေး သမားများက ပြောကြားခဲ့သည်။
ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်လေးခုအား မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင် နောက်ထပ်ခွင့်ပြုလိုက်ပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အတွင်း လုပ်ငန်းလည်ပတ်ရန် ခွင့်ပြု ထား သည့် နိုင်ငံခြားဘဏ်အရေအတွက်မှာ ၁၃ ခုရှိလာပြီဖြစ်ကြောင်းသိရသည်။
မိုဂါဒစ်ရှူး၊ မတ် ၆ ရက် (ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ တောင်ပိုင်း၊ Gedo ဒေသ၊ Bardhere မြို့အနီးတွင် မတ်လ ၅ရက်နေ့က ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံးလူသုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) ယခုနှစ် နွေသီးနှံပေါ်ချိန်တွင် မိုးရာသီကာလ ရေကြီးရေလျှံ ဖြစ်လေ့ဖြစ်ထ ရှိသော ဒေသများသည် လာမည့် မိုးရာသီကာလအတွက် အရန်မျိုးစေ့များကို ကြိုတင် စီမံ စုဆောင်း ထားရှိကြရန် လိုအပ်မည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အသိပေး...
ဟူစတန်၊ မတ် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်းရှိ ပါဆာဒန်နာမြို့ တွင် မတ်လ ၅ရက်နေ့က ဓာတုပစ္စည်းသန့်စင်ရေးစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။
ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ချေးငွေဖြင့် ဝယ်ယူမည့် YDM-4 ခေါင်းတွဲသစ် ၁၈ ခေါင်းများအား လူစီးရထား များနှင့် ကုန်ရထား များတွင် အသုံးပြု ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
နေပြည်တော်၊ မတ် ၅ ရက် (ဆင်ဟွာ) ပထမအစိုးရ သက်တမ်းကုန်ဆုံးရန် ရက်ပိုင်းအလို၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ပြည်သူများနှင့် လူငယ်၁၈၅၃ဦးက ယနေ့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ဂါရပုနှုတ်ဆက်ကြသည်။
ဘန်ကောက်၊ မတ် ၅ ရက် (ဆင်ဟွာ) မတ်လ ၅ ရက်တွင် ဘန်ကောက် တူးမြောင်း တစ်ခု၌ ခရီးသည်တင် လှေတစ်စီး၏ အင်ဂျင် ပေါက်ကွဲမှု ကြောင့် မြန်မာနှစ်ဦး အပါအဝင် ခရီးသည် အယောက် ၅၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဂျာကာတာ၊ မတ် ၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် မတ်လ ၄ ရက်က ဖယ်ရီသင်္ဘော တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးကာ လေးဦး ပျောက်ဆုံးလျက် ရှိသောကြောင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို မတ်လ ၅ ရက်တွင် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) ၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) (တရုတ်နိုင်ငံ အမျိုးသား ဥပဒေပြုလွှတ်တော်) သည် ၎င်း၏ လေးကြိမ်မြောက် အစည်းအဝေးပွဲအား ပေကျင်းရှိ ပြည်သူ့ ခန်းမကြီး၌ မတ်လ ၅ ရက် နံနက်ပိုင်း က...