Connect with us

Social

တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ အစိုးရ ထံ အဆင့်မြင့် ရွေ့လျား နေအိမ် အလုံး (၁၀၀) ထပ်မံ လွှဲပြောင်း ပေးအပ်


ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ အစိုးရ ထံ သို့ အဆင့်မြင့် ရွေ့လျား နေအိမ် အလုံး (၁၀၀) လွှဲပြောင်း ပေးအပ် ခြင်း အခမ်းအနား ကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ စက်မှု ဆိပ်ကမ်း(MIP) တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် ၊ မြန်မာ နိုင်ငံ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ မှ ဝန်ကြီးများ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲ့ကော်ရှန် (Xie Guoxiang) ၊ တရုတ် နိုင်ငံ သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ အစိုးရ ထံ ရွေ့လျား နေအိမ် အလုံး (၁၀၀) လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

အခမ်းအနား ၌ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ယခု အကြိမ်တွင်လည်း မြန်မာ နိုင်ငံ အစိုးရ ထံသို့ ရခိုင်ပြည်နယ် ရှိ နေအိမ် စွန့်ခွာ ခဲ့ရသူများ အတွက် ရွေ့လျား နေအိမ် ပေါင်း (၁၀၀) ကို ထပ်မံ လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း ၊ ယခင် အကြိမ် လှူဒါန်း ခဲ့သည့် ရွေ့လျား နေအိမ်များ သည် မြန်မာ နိုင်ငံ အတွင်းရှိ သဘာဝဘေး ဒုက္ခ ကြုံတွေ့ခဲ့ရသူများ နှင့် အကြမ်းဖက် တိုက်ခိုက်မှု ဒဏ်ခံခဲ့ရသူများအား ကူညီရာတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် ရှိ နေရပ် စွန့်ခွာ ခဲ့သူများ၏ ဒုက္ခကို ဖြေရှင်းပေးရန် အတွက် မြန်မာ နိုင်ငံ အစိုးရ ၏ လိုအပ်ချက်အရ ကူညီ ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ကာလတစ်လျှောက် ရခိုင်ပြည်နယ် အရေးအား မြန်မာ နိုင်ငံ ပြည်တွင်းရေး အဖြစ် ရှုမြင်ခဲ့ပြီး မြန်မာ နိုင်ငံ အစိုးရ ၏ ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက်မှုများကို ထောက်ခံအားပေး ခဲ့ကြောင်း ၊ ရခိုင်အရေး ဖြေရှင်းရန် အတွက် တရုတ် နိုင်ငံ က အကြံပြုခဲ့သည့် အချက် (၃) ချက်သည်လည်း မြန်မာ နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ထောက်ခံအားပေးမှု ကို ရရှိခဲ့ကြောင်း ၊ ရခိုင်ပြည်နယ် ရှိ ပြည်သူလူထု တို့၏ လူနေမှုဘဝ နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် မြန်မာ နိုင်ငံ အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်ကာ ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံကိန်း ကို အမြန်ဆုံး စတင်သွားလိုကြောင်း ၊ ထို့ပြင် ရခိုင်ပြည်နယ် စာပေယဉ်ကျေးမှု ပိုမို တိုးတက်ပြန့်ပွား စေရန် အတွက် မြန်မာ နိုင်ငံ အစိုးရ နှင့် ပူးပေါင်းကာ မြောက်ဦး ရှေ့ဟောင်းမြို့တော် ထိန်းသိမ်းရေး လုပ်ငန်း ကို တက်ကြွစွာ ဆောင်ရွက်နေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ မြန်မာ နိုင်ငံ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် က ကျေးဇူးတင် စကား ပြောကြား ခဲ့ရာတွင် ယနေ့အခမ်းအနားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ နှင့် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ရွေ့လျား နေအိမ် အလုံးပေါင်း ၁ဝဝ ကို လက်ရောက်အပ်နှံခြင်း နှင့် လှူဒါန်းခြင်း အခမ်းအနားပင် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ၂ဝ၁၆ခုနှစ် ဖေဖော်ဝါရီလ၌လည်း ရွေ့လျား နေအိမ် အလုံးပေါင်း ၂၃၂ လုံးကို လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း ၊ ထိုနေအိမ် များသည် ရခိုင်ပြည်နယ် နှင့် သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသော ဒေသများအတွက် ကောင်းမွန်စွာ အသုံးပြုနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၌ လိုအပ်မှုရှိသည့် အချိန်တိုင်းတွင် ထောက်ပံ့ပေးခဲ့ပြီး သဘာဝဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအတွက် အကူအညီပေးမှုများကို အမြဲလိုလိုပေးအပ်ခဲ့သဖြင့် လွန်စွာ အကျိုးသက်ရောက်မှု ရှိကြောင်း ၊ ယခု အကြိမ် လှူဒါန်းမှု အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဂုဏ်ပြုပါကြောင်း နှင့် ကျေးဇူးတင်စကားပြောကြားလိုကြောင်း ၊ နောက်ဆုံးအနေဖြင့် တရုတ် နှင့် မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ထာဝရ ခိုင်မြဲစေရန် အတွက် ဆုမွန်းကောင်းတောင်းကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး က သတင်းမီဒီယာ များ၏ မေးမြန်မှု ကို ပြန်လည် ဖြေကြား ခဲ့ရာတွင် ယခု အကြိမ် တရုတ် နိုင်ငံ မှ လှူဒါန်းပေးသည့် ရွေ့လျား နေအိမ် များသည့် ခိုက်ခံ့မှု လွန်စွာ ကောင်းမွန်ကြောင်း ၊ ရွေ့လျား နေအိမ်များ အနေဖြင့် (၈.ဝ) အဆင့်ရှိ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိပြီး လေတိုက်နှုန်း (၁၀.ဝ) အဆင့်အထိ ခံနိုင်ရည် ရှိကြောင်း ၊ ရွေ့လျား နေအိမ် အများအနေဖြင့် သက်တမ်း အနည်းဆုံး နှစ် (၂၀) အထိ အသုံးပြု နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ အစိုးရ ထံ ရွေ့လျား နေအိမ် အလုံး (၁၀၀) လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ယခု အကြိမ်လှူဒါန်း ခဲ့သည့် ရွေ့လျား နေအိမ် အလုံး ၁၀၀ မှာ ပြီးခဲ့သော အောက်တိုဘာ လကုန်ပိုင်းတွင် မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က လိုအပ်ချက်ရှိကြောင်း တရုတ် နိုင်ငံ သံရုံး သို့ အကြောင်းကြား ပြီးနောက် ဒီဇင်ဘာ၂၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ရွေ့လျား နေအိမ် များ တပ်ဆင်ရန် အတွက် တရုတ် နိုင်ငံ မှ ကျွမ်းကျင် ပညာရှင်များကိုလည်း စေလွှတ်ပေးမည် ဖြစ်ကာ သင်တန်းများလည်း ပို့ချပေးမည် ဖြစ်ကြောင်း ၊ ရွေ့လျား နေအိမ် တစ်ခု တွင် ၂ ထပ် ကုတင် ၄ ခု ထားရှိနိုင်ပြီး လူပေါင်း ၈ ဦးနေထိုင်နိုင်ကြောင်း ၊ ရွေ့လျား နေအိမ် များ အနေဖြင့် ရာသီဥတု ဒဏ်ကို ကောင်းမွန်စွာ ခံနိုင်ပြီး လျှပ်စစ်ဝါယာ စနစ်များလည်း ပါဝင်ရာ အသင့် နေထိုင် နိုင်သော နေအိမ်များ ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)