Connect with us

Politics, Law & Military

ကရင်ပြည်နယ်တွင် တယ်လီဖုန်း အင်တာနာသံပိုက်လုံးထောင်ရာမှ လူ ၅ ဦး ဓာတ်လိုက်သေဆုံး

တယ်လီဖုန်းအင်တာနာသံပိုက်လုံးထောင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွားသော နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ရေတံခွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဇန်နဝါရီလ (၆)ရက် နံနက်(၉း၄၅)နာရီအချိန်တွင် တယ်လီဖုန်းအင်တာနာသံပိုက်လုံးထောင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆိုပါ လုံးပတ်(၂) လက်မ၊ အရှည်(၄၀)ပေ သံပိုက်လုံးနှင့် အရှည်(၅၀)ပေရှိ တယ်လီဖုန်းအင်တာနာ သံပိုက်လုံးထောင်ရာမှ သာမညရွာနှင့် ဝင်းစိန်ရွာကို ဆက်သွယ်ထားသော KV-660 ဓါတ်အားရှိ ဓါတ်ကြိုးပေါ် သို့ကျရောက်ပြီး လူ(၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ယင်းဖြစ်စဉ်ကြောင့် အိမ်ရှင်ဖြစ်သူ ဦးမောင်ပါး(၅၉)နှစ်၊ ဇနီးဖြစ်သူ ဒေါ်စန်းရီအသက်(၅၆)နှစ်၊ သားဖြစ်သူကိုခွန်သိန်းဝင်း အသက်(၃၀)နှစ်၊ တူဖြစ်သူမိုးကျော်အသက်(၁၉)နှစ်၊ သမက်ဖြစ်သူ လခိုအသက်(၃၄)နှစ်တို့ သေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)