Connect with us

Politics, Law & Military

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) က စစ်ရေးလေ့ကျင့်မှု ပြုလုပ်

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ( PLA) က စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

ဟီဘီ ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ လက်နက်ကိုင်တပ်ပေါင်းစုံပါဝင်သော စစ်ရေးလေ့ကျင့်မှု အသစ်တစ်ခုကို ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် စစ်သားပေါင်း ၄ဝဝဝ ကျော်ပါဝင် လေ့ကျင့်လျက်ရှိသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်မှ ဦးဆောင်၍ ဇန်နဝါရီလ ၃ ရက်မှ စတင်ကာ ပြုလုပ်နေခြင်းဖြစ်ပြီး လက်နက်ကိုင်တပ်ပေါင်းစုတစ်ခုလုံးပါဝင်သော ပထမဆုံးအကြိမ်ပြုလုပ်သည့် စည်းရုံးရေးလှုပ်ရှားမှု(mobilization meeting) တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)