Connect with us

Politics, Law & Military

အဂတိတိုက်ဖျက်ရေး ဆိုင်ရာ စာတမ်းဖတ်ပွဲ ရန်ကုန်တွင် ကျင်းပမည်

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပြန်ကြားရေး လုပ်ငန်းကော်မတီအဖွဲ့  ခေါင်းဆောင် ဦးဟန်ညွန့်  ရှင်းလင်း ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က UNODC နှင့် ပူးပေါင်း ဆောင်ရွက်သော စာတမ်း ဖတ်ပွဲကို ၂၀၁၈ ဇန်နဝါရီ ၂၂ နှင့် ၂၃ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဟု ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အဂတိတိုက်ဖျက်ရေး လုပ်ငန်းစဉ်ရဲ့ ကနဦး ခြေလှမ်းအဖြစ် ပညာပေးရေး သတိပေးရေး ဟန့်တား ကာကွယ်ရေးတို့အတွက် လူ့အသိုက်အဝန်း အသီးသီးမှာ ကိုယ်ကျင့် သိက္ခာ မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်သွားပါမယ်၊ ဒီလို ဆောင်ရွက် ရာမှာ ‘ အဂတိ လိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့’ ခေါင်းစဉ်နဲ့ စာတမ်း ဖတ်ကြား ဆွေးနွေးပွဲကြို ကျင်းပသွားမှာပါ” ဟု ကော်မရှင် အဖွဲ့ဝင်၊ ပြန်ကြားရေး လုပ်ငန်းကော်မတီ အဖွဲ့ ခေါင်းဆောင် ဦးဟန်ညွန့်က ရှင်းလင်း ပြောကြားခဲ့သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပြန်ကြားရေး လုပ်ငန်းကော်မတီအဖွဲ့က မီဒီယာများနှင့် တွေ့ဆုံ ဖြေကြားစဉ် (ဆင်ဟွာ)

အဆိုပါ စာတမ်းဖတ်ပွဲတွင် ပါဝင် ဖတ်ကြားဆွေးနွေးနိုင်ရေးအတွက် စိတ်ပါဝင်စားသော ပညာရှင်များ၊ အသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများသည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အုပ်စု (၁) အားကစား လေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်၊ နေပြည်တော်သို့လည်းကောင်း၊ [email protected] သို့လည်းကောင်း၊ ဖုန်း – ၀၆၇ ၈၁၀၃၃၄၇၊ ၈၁၀၃၂၇၃ တို့သို့လည်းကောင်း ၁၂ – ၁ – ၂၀၁၈ နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးပို့ကြပါရန်နှင့် အသေးစိတ် အချက်အလက်များကို www.accm.gov.mm Website တွင် ကြည့်ရှုနိုင်ပါကြောင်း လည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ ကော်မရှင်သည် နိုင်ငံ ဖွံ့ဖြိုးရေး၊ အများပြည်သူ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးတို့ကို အဓိက ဟန့်တား နှောင့်ယှက်နေသော အဂတိ လိုက်စားမှုဟူသည့် ဘေးအန္တရာယ်ကို တိုက်ဖျက်ရန် ၂၀၁၈ လုပ်ငန်းစီမံချက် ရေးဆွဲထားပြီး ဖြစ်သည့်အပြင် ရေရှည် လုပ်ငန်းအတွက် မဟာဗျူဟာ စီမံချက် တစ်ရပ်ကိုလည်း ရေးဆွဲလျက် ရှိကြောင်း သိရသည်

တိုင်စာ အမှုတွဲများနှင့် ပတ်သက်၍ ၂၀၁၄ မတ်လမှ ၂၀၁၅ ဒီဇင်ဘာလကုန်အထိ တိုင်ကြားစာ ၂၆၆၁ စောင် ရရှိခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာ လကုန်အထိ လက်ခံရရှိသော တိုင်ကြားစာပေါင်း ၂၂၀၀ ကျော်ရှိ ခဲ့ရာ စုစုပေါင်း ၄၈၆၃ စောင် ရှိခဲ့ကြောင်း၊ အမှုတွဲပေါင်း ၆၅ တွဲကို စစ်ဆေးရေးအဖွဲ့က စစ်ဆေးလျက်ရှိပြီး အမှုတွဲ ၈၉၆ ခုကို အခြားဌာနများသို့ လွှဲပြောင်းခဲ့ကြောင်း၊၂၈၈ မှုအတွက် ပြန်ကြားချက် တောင်း ထားပြီး အမှုတွဲပေါင်း ၃၄၀၀ ကျော်ကို မှတ်တမ်းတွဲများ အဖြစ်ထားရှိကြောင်း၊ ၎င်း မှတ်တမ်းတွဲများ အနက် အမှုတွဲ ၆၁၆ ခုကို စောင့်ကြည့် မှတ်တမ်းတွဲ အဖြစ် ဆောင်ရွက်လျက် ရှိပါကြောင်းလည်း ကော်မရှင်၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.