ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) နေ့အပူချိန်မြင့်တက်သည့်အတွက် လေပြင်းတိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိကြောင်း ၊ လေပြင်းတိုက်ခိုက်စဉ် တစ်နာရီတွင် ၃၅ မိုင် မှ ၄၀ အထိ တိုက်ခိုက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လွှတ်တော်ကိုယ် စားလှယ်များကို ပြည်သူများတိုင်ကြားနိုင်ရန် တိုင်ကြားစာ လက်ခံရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားသည်။
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံကို ၂ဝ၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခွင့် ရရှိကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက် အသင်းထံမှ သိရသည်။
ချန်ဒူ၊ မတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပန်ဒါ အထီး၊ အမ တစ်စုံသည် ၁၅ နှစ်တာ ငှားရမ်းမှုအနေဖြင့် ၎င်းတို့၏ နေအိမ်သစ် တည်ရှိရာ တောင်ကိုရီးယားသို့ မတ်လ ၃ ရက်တွင် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) မြန်မာ့အာမခံ လုပ်ငန်းမှ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်၏ ကိုးလအတွင်း အလုံးစုံ အာမခံ ထားရှိသည့် ယာဉ်အစီးရေ စုစုပေါင်း ၄၂၉ စီးအတွက် လျော်ကြေးငွေ ကျပ် ၅၁ဝ ဒသမ ၆၇ သန်း ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။
ဟန်ကျိုး၊ မတ် ၁ ရက် (ဆင်ဟွာ) အလီဘာဘာကုမ္ပဏီ ဥက္ကဌ ဂျက်မား နှင့် ဒုတိယဥက္ကဌ Joe Tsai တို့သည် ကိုယ်ပိုင်ငွေကြေးများဖြင့် ၎င်းတို့ ကုမ္ပဏီ၏ စတော့ရှယ်ယာများ ကို စတင်ဝယ်ယူခဲ့ကြောင်း အလီဘာဘာ အုပ်စုက ဖေဖော်ဝါရီလ ၂၉ ၌ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ) မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT)မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် ပြုလုပ်ခဲ့သမျှ ဆိုလာဆဲလ်များ ထဲ၌အပါးလွှာဆုံး နှင့် အပေါ့ဆုံးဖြစ်သည့် ဆိုလာဆဲလ် အား တီထွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆိုလာဆဲလ်များသည် ဆပ်ပြာပူဖောင်းပေါ်တွင် ပူဖောင်းမပေါက်စေဘဲ တင်ထားနိုင်လောက်သည် အထိ ပါးလွှာ ပေါ့ပါးကြောင်း...
ဝါရှင်တန်၊ မတ် ၁ ရက် (ဆင်ဟွာ) အိုဟိုင်းအိုးပြည်နယ်ရှိ ကျောင်း စားသောက်ဆိုင်တစ်ခု၌ ဖေဖော်ဝါရီလ ၂၉ ရက်က အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျောင်းသား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ မီဒီယာ၏ သတင်းတင်ပြချက်အရ သိရသည်။
ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ) နေပြည်တော်၌ ကျင်းပ ပြုလုပ်လျှက် ရှိသည့် လွှတ်တော် အစည်းအဝေးများအား မတ် ၂ ရက်နေ့မှ စတင်၍ မတ် ၆ ရက်နေ့အထိ ခေတ္တရပ်နားသွားမည် ဖြစ်ကြောင်း ယနေ့ မတ်လ ၁ ရက်တွင် ကျင်းပသော...
ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင်ကို ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦး ဖြင့် ဖွဲ့စည်းကြောင်း ယနေ့မတ် ၁ ရက် ပြည်ထောင်စု...