Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယား နိုင်ငံ တွင် အင်အား ရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ ငလျင် လှုပ်ခတ်

အယ်လ်ဂျီးရီးယား နိုင်ငံ တွင် အင်အား (၅.၀) အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့သည့် နေရာအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

အယ်ဂျီးယား ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယား နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ချက် အရ ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းအချိန်တွင် အင်အား ရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်ချက်တွင် ငလျင် သည် အယ်လ်ဂျီးရီးယား နိုင်ငံ မြို့တော် တောင်ပိုင်း ၅၀ ကီလိုမီတာ ကို ဗဟိုပြု လှုပ်ခတ် ခဲ့ခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ မြို့များတွင် ငလျင် လှုပ်ခတ်မှု ကို သိသာစွာ ခံစားသိရှိခဲ့ရကြောင်း ပါဝင် ခဲ့သည်။

ဒေသတွင်း မီဒီယာများ ၏ ဖော်ပြချက်အရ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု မထုတ်ပြန်သေးဘဲ နောက်ဆက်တွဲ ငလျင် ဖြစ်ပွား မည်ကို စိုးရိမ်သဖြင့် ပြည်သူလူထု တို့က လမ်းမပေါ် ထွက်၍ တိမ်းရှောင်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။

အယ်လ်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း ဒေသသည် ငလျင်ကြော ပေါ်တွင် တည်ရှိနေပြီး ၂၀၀၃ ခုနှစ်တွင် အယ်လ်ဂျီးရီးယား နိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွား ခဲ့သည့် ၆.၈ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၂၃၀၀ ကျော်သေဆုံးခဲ့ကာ တစ်သောင်းကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.