Connect with us

North America

နယူးယောက်မြို့၌ လုံခြုံရေးအတားအဆီးပေါင်း ၁၅ဝဝ ခု ချထားမည်

နယူးယောက်မြို့ လူသွားလမ်းပေါ်တွင် တပ်ဆင်ထားသော သံတိုင် လုံခြုံရေးအတားအဆီးများ အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးယောက် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

နယူးယောက်မြို့ရှိ ထင်ရှားသောနေရာများတွင် ကားဖြင့် မောင်းနှင်တိုက်မှုများ နှင့် အခြားသော အကြမ်းဖက်မှုနှင့်ဆက်စပ်သော တိုက်ခိုက်မှုများကို တားဆီးရန်အတွက် လုံခြုံရေးအတားအဆီးပေါင်း ၁၅ဝဝ ခုကို ချထားမည်ဖြစ်ကြောင်း သိရသည်။

နယူးယောက်မြို့တိုင်းစ်စကွဲ(Times Square) ၌ ဇန်နဝါရီလ ၂ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန် Bill de Blasio က ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။ အချို့သော ကွန်ကရစ်တုံးများ နှင့် အတားအဆီးတုံးများကို သတ္တုထောင့်တိုင်များဖြင့် အစားထိုး ချထားမည်ဖြစ်ကြောင်း ၊ ခြေလျင်လမ်းသွားလမ်းလာများသည့် နေရာများ၌ ယာယီချထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ခိုက်မှုများကို ကြိုတင်တားဆီးရန် အမေရိကန်ဒေါ်လာ သန်း ၅ဝ အကုန်ကျခံ၍ မြို့တော်ကဆောင်ရွက်မည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း မြို့တော်ဝန် De Blasio က ပြောကြားခဲ့သည်။

နယူးယောက်မြို့သည် ၂ဝ၁၇ ခုနှစ်တွင် စက်ရပ်သတင်းများ ကြိမ်ဖန်များစွာ ဖြစ်ပေါ်စေခဲ့သော မြို့တစ်မြို့ဖြစ်ခဲ့သည်။ ပြီးခဲ့သော ဒီဇင်ဘာ ၁၁ ရက်တွင် လူသွားလူလာများသော တိုင်းစ်စကွဲရှိ မြေအောက်ရထားဘူတာရုံ၌ ဖောက်ခွဲရေးပစ္စည်းတစ်ခုကို လူတစ်ဦးက ထောင်ခဲ့ရာ ခရီးသွား ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါဖြစ်စဉ်ကို မြို့တော်ဝန်က အကြမ်းဖက်မှုကြိုးပမ်းအားထုတ်ချက်တစ်ခုဟု ခေါ်ဆိုခဲ့သည်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ(WTC) အနီးရှိ လူသွားလမ်းထဲသို့ကုန်တင်ကားဖြင့် ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။

အလားတူ မေလ ၁၈ ရက်တွင် တိုင်းစ်စကွဲအနီးရှိ လူသွားစြင်္ကန်အား ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား ၂၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.