Connect with us

Sport

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း ထိုင်းနိုင်ငံတွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ရန်ထွက်ခွာ

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

၂၀၁၈ အာရှဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်လျက်ရှိသော မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ရန် ယနေ့နံနက် ၈နာရီ အချိန်က ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ သတင်းထုတ်ပြန်သည်။

ယင်း လေ့ကျင့်မှုခရီးစဉ်တွင် ထိုင်းဖူဆယ်လိဂ် ကလပ်အသင်း နှစ်သင်း ထိုင်းလက်ရွေးစင် ယူ၂၃ အသင်းနှင့် ထိုင်းလက်ရွေးစင် အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)