ရန်ကုန်၊ဖေဖော်ဝါရီ၂၈ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် လူတစ်ယောက် လျှပ်စစ်သုံးစွဲမှုမှာ ၂၂၂ ကီလိုဝပ်ရှိပြီး၊ အမေရိကန်တွင် ကီလိုဝပ် ၁၃,၀၀၀ လောက် သုံးနိုင်သည့်အခြေ အနေရှိကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအတွင်းတွင်ပင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု နည်းပါးနေသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးကပြောသည်။
ရန်ကုန်၊ဖေဖော်ဝါရီ၂၈ရက်(ဆင်ဟွာ) မတ်လ လပတ် နှင့် မတ်လ ပထမ(၁၀)ရက်ပတ် တွင် ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ၀ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ဖေဖော်ဝါရီ၂၈ရက်(ဆင်ဟွာ) တတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများညီလာခံ ဒုတိယနေ့ ကို ယနေ့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တွင်ဆက်လက်ကျင်းပခဲ့သည်။
ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် တွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့က ဇီကာဗိုင်းရပ်စ် ကူးစက်ခံမှု ဖြစ်စဉ်သစ် ၂ခု ကိုတွေ့ရှိခဲ့ကြောင်း အဆိုပါဒေသရှိ ကျန်းမာရေး အာဏာပိုင်များကပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီလ ၂၈ ရက် (ဆင်ဟွာ) တရုတ်အစိုးရကအမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦး၏တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သောပြောဆိုချက်ကိုတုံ့ပြန်ပြောဆိုခဲ့ပြီးအမေရိကန်အစိုးရအနေဖြင့်ပြသနာကိုပိုမိုချဲ့ကားခြင်းမပြုရန်တိုက်တွန်းခဲ့သည်။
အယ်လ်ဂျီယားစ်၊ ဖေဖော်ဝါရီ ၂၈ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ ရှိ ဒေသခံ အစိုးရရှေ့နေ တစ်ဦး က ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ပဲရစ် အကြမ်းဖက်ခံရမှု နှင့် ပတ်သက်နေသည် ဟု သံသယရှိသည့် အယ်လ်ဂျီးရီးယားနိုင်ငံသား တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဖေဖော်ဝါရီ ၂၈ရက်နေ့က ပြောကြားခဲ့သည်။
နန်ချောင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျောင်ရှီး ပြည်နယ်တွင် လူနေအဆောက်အအုံ ပြိုကျခဲ့မှုကြောင့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် ၃၄နာရီကြာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လုပ်ငန်းများပြီးဆုံးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း၌ သေဆုံးသူ ဦးရေသည် ၆ဦး အထိရှိလာကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရွှေပြည်သာမြို့နယ် အမှတ်( ၄) လမ်းမကြီး ရဲကျောင်းမှတ်တိုင် အနီးရှိ ဗုံရွှေကုန်း ဂတ်(စ်)ပိုက်လိုင်းသည် ယနေ့ ညနေ ၅နာရီ ၃၀တွင် မီးစတင်လောင်ကျွမ်းပြီး နေအိမ်နှစ်လုံးမီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ရှားပါး စာရင်းဝင် ငှက်မျိုးစိတ် ဖြစ်သော ရေညှောင့် နှုတ်ဝိုင်း ငှက်များ ကျက်စားနေသည့် မုတ္တမ ပင်လယ်ကွေ့ကို ရေတိမ်ဒေသ အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) လက်ရှိတွင် တရုတ်နိုင်ငံတွင် ဘီလျံနာ (Billionaries) ၅၆၈ ဦးရှိလာပြီး ဘီလျံနာ ၅၃၅ ဦးရှိသော အမေရိကန် နိုင်ငံကို ကျော်တက်ကာ ကမ္ဘာပေါ်၌ ဘီလျံနာ အများဆုံး ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်လာကြောင်း တရုတ် Hurun Report က...