Connect with us

Africa & Middle East

ကင်ညာနိုင်ငံအနောက်ပိုင်းတွင် ကားတိုက်မှုကြောင့် လူ ၃၀ ဦး သေဆုံး

Nakuru-Eldoret အဝေးပြေးလမ်းမပေါ်တွင် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နိုင်ရိုဘီ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ အနောက်ပိုင်းရှိ အဓိက အဝေးပြေးလမ်းမကြီး တစ်ခုပေါ်တွင် ယနေ့ (ဒီဇင်ဘာလ ၃၁ ရက်) ကားတိုက်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၀ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်အရုဏ်တက်ချိန်က Nakuru-Eldoret အဝေးပြေးလမ်းမပေါ်ရှိ အန္တရာယ်ကွေ့ (Black spot) ဟု လူသိများသော နေရာ၌ ဘတ်စ်ကား တစ်စီးနှင့် နောက်တွဲယာဉ် တစ်စီး တိုက်မိခဲ့ခြင်း ဖြစ်သည်။

နယ်စပ်မြို့ဖြစ်သော Busia မှ နိုင်ရိုဘီသို့ သွားမည့် ခရီးသည်များအား တင်ဆောင်လာသော ဘတ်စ်ကားနှင့် ကင်ညာနိုင်ငံ အနောက်မြောကိပိုင်း Eldoret မြို့သို့ ဦးတည်သွားနေသော နောက်တွဲယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် ပျက်စီးနေသည့် ဘတ်စ်ကားပေါ်မှ သေဆုံး ၂၈ ဦးနှင့် နောက်တွဲယာဉ်ပေါ်မှ သေဆုံးသူ ၂ ဦးတို့အား တွေ့ရှိခဲ့ရကြောင်း Rift Valley မှုခင်း စုံစမ်းစစ်ဆေးရေး ညွှန်ကြားမှုဦးစီးဋ္ဌာန ဋ္ဌာနမှူး Gideon Kibunja က ပြောကြားခဲ့သည်။

အဆိုပါ ဘတ်စ်ကားမှာ ခရီးသည် အလွန်အကျွံတင်ဆောင်လာခဲ့သည်ဟု Kibunja က ဆိုသည်။ (Xinhua)