ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ၌ ခိုင်လုံမဲ ရှစ်ပုံတစ်ပုံအထက် ရရှိထားသော ကိုယ်စားလှယ်များကို အာမခံငွေများ ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးထံမှ သိရသည်။
ရီယာ့ဒ်၊ ဒီဇင်ဘာ၂၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျ နိုင်ငံ တောင်ပိုင်းရှိ Jazan အထွေထွေဆေးရုံတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်အစောပိုင်း ၌ မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၂၅ဦးသေဆုံးပြီး ၁၀၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး ဌာန မှ ပြောကြားခဲ့သည်။
ဒါကာ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်ဒေါ်လာ ၁၂.၆၅ ဘီလီယံ ကုန်ကျပြီး မဂ္ဂါဝပ် ၂၄၀၀ ထွက်ရှိမည့် နျူကလီယား ဓာတ်အားပေး စက်ရုံ တစ်ခုအား တည်ဆောက်ရေး အဆိုပြုချက်တစ်ခုအား ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ ကော်မတီက ခွင့်ပြုလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုကြောင့် သေဒဏ်ချခံရသော မြန်မာလုပ်သားနှစ်ဦး၏ အယူခံအဆင့်ဆင့် အတွက် မြန်မာအစိုးရက ကူညီပံ့ပိုး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
ဂျာကာတာ၊ ဒီဇင်ဘာ၂၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား အရှေ့ပိုင်း ဒီဇင်ဘာလ ၁၉ ရက်နေ့က လှေတိမ်းမှောက်ခဲ့မှုကြောင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ရုပ်အလောင်း ၆ လောင်းအား ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ကျန်ပျောက်ဆုံးနေသူ ၅၈ဦးအား ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ပုလဲ ထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ မြန်မာ့ပုလဲ အတွဲပေါင်း(၃၇၆)တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချနေကြောင်း မြန်မာ့ပုလဲ ထုတ်လုပ်ရေး နှင့် ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆာဘီဟ ဂေါ့ခ်ဆန် (Sabiha Gokcen) အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ပေါက်ကွဲမှုတစ်ရပ် ကြောင့် သန့်ရှင်းရေးဝန်ထမ်း ၂ ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက...
ဖူကျိုး၊ ဒီဇင်ဘာလ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မှ ပုံစံထုတ်လုပ်ထားသော ဓါတ်ပေါင်းဖို အသုံးပြုထားသည့် နျူကလီးယား စီမံကိန်း ၏ရှေ့ပြေး တည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် ဒုတိယမြောက် ယူနစ်အား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖုကျင့်ပြည်နယ်၊ ဖုကျင်း ၌ စတင် ဆောက်...
ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပျဉ်းမပင်အိမ်ရာစခန်းမြေတွင် ပါဝင်သော မြေဧရိယာ (၃၉)ဧကတွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းအား အကျိုးတူ ဆောင်ရွက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြည်တွင်း လုပ်ငန်းရှင်များအား အိတ်ဖွင့် တင်ဒါ ခေါ်ယူဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ယနေ့တွေ့ဆုံကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းဆိုင်ရာကိစ္စရပ်များအပါအဝင် အခြားငြိမ်းချမ်းရေး ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။