Connect with us

Politics, Law & Military

ငွေစက္ကူအတုများ သိမ်းဆည်းရမိ

မရမ်းကုန်းမြို့နယ်၌ စိုးမိုးနိုင်ထံမှ ဖမ်းဆီးရမိသည့် ငွေစက္ကူတချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဗိုလ်တထောင်မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် တို့၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၂၄)ရွက်၊ ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၁၂)ရွက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ မှ အောက်တိုဘာလ ၃၁ ရက်နေ့ထိ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း ရိုးမဘဏ်ခွဲသို့ ဦးဝင်းအောင် ရွှေအိမ်စည်စက်ဘီးပစ္စည်းဆိုင် (ဘ)ဦးညွန့်တင် (၂/မြောက်)ရပ်ကွက် သာကေတမြို့နယ်နေသူပါ(၃)ဦး လာရောက်အပ်နှံသည့် ငွေများအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၂)ရွက်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ဒေါ်ဝင်းမာဦး(၃၁)နှစ် ဗမာ/ဗုဒ္ဓ ဈေးရောင်း (ဘ)ဦးဝင်းမြင့် ဆင်ကန်ရပ်ကွက် ကျောက်တန်းမြို့နယ် နေသူ လာရောက်အပ်နှံသည့် ငွေများအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၁)ရွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဧရာဝတီဘဏ်ခွဲ(၅၆)သို့ဒေါ်လဲ့တင်ဇာနိုင်(၄၀)ရပ်ကွက်ဒဂုံမြောက်မြို့နယ်နေသူပါ(၃၂)ဦး လာရောက်အပ်နှံသည့် ငွေများ အနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၂၁)ရွက်၊ ၅,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၁၂)ရွက်တို့အား တွေ့ရှိ၍ သက်ဆိုင်ရာ ရဲစခန်းများသို့ လာရောက်အပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ ၁၁း၂၀နာရီ အချိန် တွင်လည်း မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်ရှိ KBZ ဘဏ်ခွဲသို့ စိုးမိုးနိုင်(၂၈)နှစ် ဂျပန်စက်ဘီးမျိုးစုံနှင့် လျှပ်စစ်မော်တာဘီးရောင်းဝယ်ရေး လာရောက်အပ်နှံသည့်ငွေကျပ် ၃၅ သိန်းအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၉၈)ရွက်၊ ၅,၀၀၀ ကျပ်တန်ငွေ စက္ကူအတု (၁၈၂)ရွက်၊ ၁,၀၀၀ ကျပ်တန် ငွေစက္ကူအတု(၁၂၉)ရွက် တို့အားတွေ့ရှိခဲ့ကြောင်း ၊ စိုးမိုးနိုင်အား ဖမ်းမိကာ မရမ်းကုန်းမြို့မရဲစခန်းမှ (ပ)၉၃၀/၂၀၁၇ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အောက်တိုဘာလ ၂၆ ရက် ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.