Connect with us

North America

အမေရိကန် နိုင်ငံ သမ္မတ က Green Card မဲနှိုက်သည့် အစီအစဉ် အား ပယ်ဖျက်သင့်ကြောင်း ပြောကြား

ဝါရှင်တန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နယူးယောက်မြို့၌ ကားဖြင့် လူများကို လိုက်တိုက်သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက်တွင် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မဲနှိုက်ခြင်းဖြင့် Green Card ထုတ်ပေးသည့် အစီအစဉ် ကို ပယ်ဖြတ်ကာ အမေရိကန် နိုင်ငံ ပြည်သူလူထု ၏ လုံခြုံရေး ကို ကာကွယ်သင့်ကြောင်း နိုဝင်ဘာ ၁ ရက်နေ့တွင် ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က အိမ်ဖြူတော်တွင် ၎င်းအနေဖြင့် မဲနှိုက်ပြီး Green Card ထုတ်ပေးသည့် အစီအစဉ် ကို ပယ်ဖျက်မည့် လုပ်ငန်းစဉ်များကို စတင်ရန် ပြင်ဆင်မှုများ စတင်တော့မည် ဖြစ်ပြီး လွှတ်တော်အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများပြုလုပ်ကာ ယင်း စီမံကိန်း ကို ပယ်ဖျက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က ယခု ကဲ့သို့ဆောင်ရွက်ခြင်းသည် အမေရိကန် နိုင်ငံ ပြည်သူလူထု တို့၏ လုံခြုံရေး ကို ကာကွယ်လိုသောကြောင့် ဖြစ်ကြောင်း ၊ ပြဿနာ ရှိသော သူများ မဲနှိုက်ခြင်းကြောင့် အမေရိကန် နိုင်ငံ အတွင်းသို့ ဝင်ရောက်လာခြင်းကို ကာကွယ်ရန် ဖြစ်ကြောင်း ၊ အမှတ်ပေးစနစ်ဖြင့် သတ်မှတ်ချက်များ စုဆောင်းကာ Green Card ထုတ်ဝေပေးသည့် စနစ်ကို ဆောင်ရွက်သင့်ကြောင်း ပြောကြား ခဲ့သည်။

နိုဝင်ဘာ ၁ ရက်နေ့ တွင် နယူးယောက်မြို့တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၈ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ တိုက်ခိုက်သူသည် အသက် ၂၉ နှစ်ရှိ ဥဇဘက်ကစ္စတန် မှ ၂၀၁၀ ခုနှစ်တွင် အမေရိကန် နိုင်ငံသို့ တရားဝန် ပြောင်းရွှေ့ လာသူ တစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Green Card မဲနှိုက်သည့် အစီအစဉ် သည် ၁၉၉၀ ခုနှစ်တွင် အမေရိကန် နိုင်ငံ လွှတ်တော်မှ အတည်ပြုခဲ့သော အမေရိကန် နိုင်ငံသား ခံယူမှု အစီအစဉ် တစ်ခုဖြစ်သည်။ ယင်း စီမံကိန်း အရ အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် နှစ်စဉ် မဲနှိုက်ရန် လျှောက်တင်သူများထဲ မှ လူပေါင်း ၅ သောင်းကို မဲနှိုက်ကာ Green Card များ ထုတ်ဝေပေးသည့် အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.