Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ၌ ဆီတင်ကား ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူ ၁၅ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၌ လောင်စာဆီတင်ယာဉ်များ တိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းနေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ချာရီကာ ၊ အာဖဂန်နစ္စတန် ၊ နိုဝင်ဘာ ၂ (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Parwan ပြည်နယ် မြို့တော် ချာရီကာမြို့(Charikar)၌ လောင်စာဆီတင်ယာဉ် တစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူပေါင်း ၁၅ ဦးသေဆုံးပြီး ၃ဝ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးက ယနေ့(နိုဝင်ဘာ ၂ ရက်)တွင် ပြောကြားခဲ့သည်။

၎င်းတိုက်ခိုက်မှုသည် နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဗုံးခွဲခံရသော ဆီတင်ကားမှ မီးစများသည် အနီးအနားတွင် ရပ်ထားသည့် ဘတ်စ်ကားတစ်စင်းသို့ကူးစက်လောင်ကျွမ်းသွားကြောင်း အမည်မဖော်လိုသူအစိုးရအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

အမျိုးသမီးတစ်ဦးအပါအဝင် လူ ၁၅ ဦးသည် မီးလောင်ကျွမ်းခံရ၍ သေဆုံးသွားကြောင်း နှင့် အခြား ၃ဝ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ သေဆုံးသူ အရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း နှင့် ဒဏ်ရာရသူများထဲတွင် စိုးရိမ်ဖွယ်အခြေအနေ ရှိသူများပါဝင်ကြောင်း ၎င်းသတင်းအရင်းအမြစ်က ဆိုသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အာဏာပိုင်များက ထုတ်ပြန်ထားခြင်း မရှိသလို တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။

သို့သော် တာလီဘန်စစ်သွေးကြွများက နိုင်ငံအတွင်း၌ အစိုးရ နှင့် နိုင်ငံခြားတပ်ဖွဲ့ဝင်များအတွက် ကုန်ပစ္စည်းများ နှင့် လောင်စာဆီများ သယ်ပို့ပေးခြင်းမပြုရန် ပို့ဆောင်ရေးကုမ္ပဏီများကို သတိပေးထားကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် ပထမ ၉ လတာကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ တိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၂၆၄ဝ ဦးသေဆုံးပြီး ၅၃၇ဝ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.