Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့နေချင်းပြန် ခရီးစဉ် သွားရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ အတွင်း ဆင်ဟွာ သတင်း ဌာန ၏ မေးခွန်းများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့နေ့ချင်းပြန် ခရီးစဉ် အဖြစ် သွားရောက်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သိရသည်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းကို နေ့ချင်းပြန် ခရီးစဉ် အဖြစ် သွားရောက်နေပါတယ်။အသေးစိတ် အချက်အလက် များကို သတင်း ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ယနေ့နိုဝင်ဘာ ၂ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။

ထိုကော်မတီသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်မည့် ကဏ္ဍစုံ လုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရ ၊ ပြည်သူများ ၊ ပုဂ္ဂလိက ၊ ပြည်တွင်း NGO နှင့် CSO များ ၊ မိတ်ဖက် နိုင်ငံများ ၊ ကုလသမဂ္ဂ အေဂျင်စီများ ၊ INGO များ ပူးပေါင်း ပါဝင်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.