ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ပုလဲရောင်းချပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ ယနေ့ အထိ ပွဲပေါင်း ၉၀ ကျင်းပ ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၇၈ သန်းရရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေကြီးမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ယာယီပိတ်ထားရသောစာသင်ကျောင်း ၂၅ဝ ခန့် ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။
ရှီနင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးမည့် ရထားပို့ဆောင်ရေးဝန်ဆောင်မှု ကနဦးစတင်မှု အသစ်တစ်ရပ်အဖြစ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် မှ ရုရှားနိုင်ငံသို့သွားရောက်မည့် ကုန်တင်ရထားတစ်စင်းသည် သြဂုတ်လ ၂ဝ ရက်တွင် ဂိုလ်မတ်မြို ့ မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။
စင်ကာပူ ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောတစ်စင်း နှင့် ကုန်ပစ္စည်းတင် သင်္ဘောတစ်စင်းတို့သည် မာလက္ကာ ရေလက်ကြား၌ ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး ၊ ယင်းဖြစ်စဉ်ကြောင့် သင်္ဘောသား ၁ဝ ဦးပျောက်ဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမေရိကန်ရေတပ်က ယနေ့( သြဂုတ်လ ၂၁ ရက်)...
ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) နိုင်ငံ ၈ နိုင်ငံ ပါဝင်သော မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲ အား ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံ အားကစားရုံ (၁)၌ ယနေ့သြဂုတ် ၂ဝ ရက်တွင် ကျင်းပရာ ဝိတ်တန်း အလိုက် တွဲဆိုင်း...
ရီယတ်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံက ဆိပ်ကမ်းမြို့ ဝင်ပေါက်များရှိ ကျန်းမာရေး ထိန်းချုပ်မှု စင်တာများမှတစ်ဆင့် ဘုရားဖူးလာရောက်သူ ၁.၁ သန်းကျော်အား သြဂုတ်လ ၂၀ ရက်က ကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည်ဟု ကြေညာလိုက်ကြောင်း ဆော်ဒီ ပရက်စ် အေဂျင်စီက သတင်းဖော်ပြထားသည်။
တီဟီရန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ဟာဆန် ရိုဟာနီက အမည်စာရင်း တင်သွင်းထားသော အစိုးရအဖွဲ့ဝင် အများစုအား လွှတ်တော်က သြဂုတ်လ ၂၀ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။
ဘဂ္ဂဒတ်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မိုလ်ဆူးမြို့ အနောက်ဘက် ၆၀ ကီလိုမီတာအကွာရှိ တဲလ်အဖာမြို့မှ အိုင်အက်စ် စစ်သွေးကြွများအား နှင်ထုတ်မည့် စစ်ဆင်ရေးအား သြဂုတ်လ ၂၀ ရက်တွင် စတင်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဟေဒါ အယ်လ်-အာဘတ်ဒီက ကြေညာလိုက်သည်။
ဆိုးလ် ၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း Gyeongsang ပြည်နယ် Changwon မြို့ရှိ STX သင်္ဘောတည်ဆောက်ရေး သင်္ဘောကျင်း၌ ယနေ့(သြဂုတ်လ ၂ဝ ရက်)တွင် ရေနံတင်သင်္ဘောတစ်စင်း မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယုန်ဟတ် (Yonhap) သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေး ရောဂါ(Influenza A(H1N1)pdm09) ဖြစ်ပွားမှုတွင် ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၉ ရက် အထိ ဓာတ်ခွဲ အတည်ပြုချက် အရ ဖြစ်ပွားသူ ဦးရေမှာ ၂၈၈ ဦး ရှိပြီး...