Connect with us

Asia

အမေရိကန်ဖျက်သင်္ဘော နှင့် ကုန်တင်သင်္ဘောတို့ တိုက်မှုဖြစ်ပွား ၊ သင်္ဘောသား ၁ဝ ဦးပျောက်ဆုံးပြီး ၅ ဦးဒဏ်ရာရ

မာလက္ကာရေလက်ကြားတွင် မတော်တဆ တိုက်မှုဖြစ်ပွားခဲ့သော အမေရိကန်ဖျက်သင်္ဘော John S.McCain အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောတစ်စင်း နှင့် ကုန်ပစ္စည်းတင် သင်္ဘောတစ်စင်းတို့သည် မာလက္ကာ ရေလက်ကြား၌ ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး ၊ ယင်းဖြစ်စဉ်ကြောင့် သင်္ဘောသား ၁ဝ ဦးပျောက်ဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမေရိကန်ရေတပ်က ယနေ့( သြဂုတ်လ ၂၁ ရက်) နံနက်အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်သင်္ဘော John S.McCain သည် စင်ကာပူဒေသစံတော်ချိန် နံနက် ၆ နာရီ ၂၄ မိနစ်တွင် မာလက္ကာ ရေလက်ကြား၏ အရှေ့ဘက်ခြမ်း၌ ကုန်တင်သင်္ဘောတစ်စင်း နှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ် အမှတ် (၇) ရေတပ်သင်္ဘောအုပ်စု ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကနဦးထုတ်ပြန်ချက်အရ ဖျက်သင်္ဘောကိုယ်ထည်တွင် ပျက်စီးဆုံးရှုံးမှု ရှိကြောင်း သိရသည်။သို့သော် ထိခိုက်ပျက်စီးမှုများ ရှိနေလင့်ကစား အမေရိကန်ရေတပ်ဖျက်သင်္ဘောသည် ၎င်းတွင်ရှိသော စွမ်အင်များဖြင့် ဆိပ်ကမ်းသို့ဆိုက်ကပ်နိုင်ရန် ဆက်လက်မောင်းနှင်ထွက်ခွာသွားကြောင်း သိရသည်။(Xinhua)