နေပြည်တော်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခု တို့တွင် မိုင်းများနှင့် ပေါက်ကွဲစေနိုင်သည့် စစ်ကျန် လက်နက် ပစ္စည်းများ ရှင်းလင်းရေး ကို တိုးချဲ့ဆောင်ရွက် သွားမည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက...
စိန့်ပီတာဘာ့ခ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ဧပြီလ ၃ ရက်က အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး လူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် စပိန်နိုင်ငံ စိန့်ပီတာဘာ့ခ်မြို့ မြေအောက်ရထား လုပ်ငန်းများအား တစ်စိတ်တစ်ပိုင်း ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပါရီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Grand Palais ပြတိုက်မှ ယူရို ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၁၃,၂၀၀) တန်ဖိုးရှိသည့် ရတနာပစ္စည်းအား ဧပြီ ၂ရက်နေ့ ညနေပိုင်းတွင် အမျိုးသားနှစ်ဦးက ခိုးယူသွားခဲ့ကြောင်း ပြည်တွင်းသတင်းချန်နယ်တစ်ခု က ဧပြီ ၃ ရက်တွင်ဖော်ပြခဲ့သည်။
နိုင်ရိုဘီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ ကမ်းရိုးတန်းအလွန်တွင် သင်္ဘောသား ၁၁ဦးလိုက်ပါလာသည့် အိန္ဒိယကုန်တင်သင်္ဘောတစ်စင်း အား ဆိုမာလီပင်လယ်ဓါးပြများက ပြန်ပေးဆွဲခဲ့ကြောင်း ဒေသတွင်းရေကြောင်းအရာရှိတစ်ဦးက ဧပြီ ၃ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပါရီ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့ရှိ မြေအောက်ရထားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧပြီလ ၃ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ဆိုသည်။
စိန့်ပီတာစဘာ့ခ် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က စိန့်ပီတာစဘာ့ခ် မြေအောက်ရထားလမ်း၌ ဧပြီလ ၃ ရက်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း အသက်သေဆုံးသွားကြသူများအတွက် လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။
မော်စကို၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့ရှိ မြေအောက်ရထား ဘူတာရုံ နှစ်ခုတွင် ယနေ့ (ဧပြီလ ၃ ရက်) တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှား...
အစ္စလမ်မာဘတ် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Naushahro Feroze ခရိုင်၌ ယနေ့(ဧပြီလ ၃ ရက် ) မနက်ပိုင်းတွင် စက်လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ လှေပေါ်လိုက်ပါသွားသူ အနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၆ ဦးပျောက်ဆုံးလျက် ရှိကြောင်း ဒေသတွင်း Urdu...
ဒပ်ဘလင်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံ Rosslare ဆိပ်ကမ်းတွင် ဧပြီ ၂ ရက် နေ့လည်ပိုင်း က ပြင်သစ်နိုင်ငံမှ ဆိုက်ရောက်လာသည့် အိုင်ယာလန် ဖယ်ရီသင်္ဘောတစ်စီးပေါ်တွင် ပါရှိလာသော အအေးခန်းကုန်သေတ္တာတင်ကားတစ်စီးအတွင်း၌ ပုန်းခိုလိုက်လာပါလာသော နိုင်ငံခြားသား ၁၄ဦးအား တွေ့ရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများက ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်းအတိုင်း လှိုင်မြို့နယ်ဘက်မှ ကြည့်မြင်တိုင်မြို့နယ်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်သည် ဧပြီ ၃ ရက် နံနက်ပိုင်း အချိန်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှု အဆင့်ဆင့် ဖြစ်ပွားခဲ့ခြင်းကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် ၁ ဦး သေဆုံးခဲ့ပြီး ၁...