Connect with us

Environment, Disasters & Accidents

ကုန်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ အဆင့်ဆင့် တိုက်မိ၍ တစ်ဦး သေဆုံး

ကုန်တင်ယာဉ် ၀င်တိုက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်းအတိုင်း လှိုင်မြို့နယ်ဘက်မှ ကြည့်မြင်တိုင်မြို့နယ်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်သည် ဧပြီ ၃ ရက် နံနက်ပိုင်း အချိန်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှု အဆင့်ဆင့် ဖြစ်ပွားခဲ့ခြင်းကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးမှာ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ကုန်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ် ကိုယ်ပိုင်ယာဉ်အား ဝင်ရောက်တိုက်မိကြောင်း ၊ ဆက်လက်၍ ကုန်တင်ယာဉ်မှာ ယာဘက် လမ်းဘေး ပလက်ဖောင်း ပေါ်သို့ တက်ရောက် သွားကာ လမ်းလျှောက် သွားနေသူ ၂ ဦးအားတိုက်မိခဲ့ကြောင်း နှင့် ယာဉ်မှာ အရှိန် မထိန်းနိုင်ဘဲ ဆက်လက်၍ လမ်းဘေး ဝဲယာရှိ တိုက်(၂)နေအိမ် အား ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် တစ်ဦးမှာ ဒဏ်ရာများရရှိကာအခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး နောက် တစ်ဦးမှာ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ)ဆေးကုသမှုခံယူလျက် ရှိကြောင်း နှင့် ယာဉ်တိုက် ခံရသည့် နေအိမ်မှာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယာဉ်မဆင်မခြင်မောင်းနှင်သူအား ကမာရွတ်မြို့မရဲစခန်းတွင်း ယာဉ်(ပ)၁၇/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ဖြင့် အမှုရေးဖွင့်ကာ ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.