Connect with us

Africa & Middle East

အိန္ဒိယ သင်္ဘောတစ်စင်းအား ဆိုမာလီပင်လယ်ဓါးပြများ ပြန်ပေးဆွဲ

ဆိုမာလီ ပင်လယ်ဓါးပြများလက်မှ လွတ်မြောက်လာသည့် အီဂျစ်ငါးဖမ်းလှေအား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ ကမ်းရိုးတန်းအလွန်တွင် သင်္ဘောသား ၁၁ဦးလိုက်ပါလာသည့် အိန္ဒိယကုန်တင်သင်္ဘောတစ်စင်း အား ဆိုမာလီပင်လယ်ဓါးပြများက ပြန်ပေးဆွဲခဲ့ကြောင်း ဒေသတွင်းရေကြောင်းအရာရှိတစ်ဦးက ဧပြီ ၃ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Oceans Beyond Piracy ၏ ဒေသတွင်း မန်နေဂျာဖြစ်သူ John Steed က အာရပ်ဆော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့မှ ထွက်ခွာလာသော အိန္ဒိယအလံတင် သင်္ဘောသည် ဆိုမာလီကမ်းခြေများသို့ ဦးတည်ခုတ်မောင်းနေစဉ် ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြန်ပေးဆွဲခံရသည့် အိန္ဒိယသင်္ဘောပေါ်တွင် သင်္ဘောသား ၁၁ဦးလိုက်ပါလာသည်ဟု သတင်းရရှိထားကြောင်း နှင့် သင်္ဘောသားအားလုံးသည် အိန္ဒိယနိုင်ငံသားများဖြစ်ပြီး ဆိုမာလီကမ်းရိုးတန်းအလွန်၌ ဧပြီ ၁ရက်နေ့တွင် ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း Steed က ဆင်ဟွာသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

သင်္ဘောသားများ အပါအဝင် သင်္ဘောတည်နေရာနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း အချို့သတင်းဖော်ပြချက်များအရ တိုက်ခိုက်ခံရမှုသည် Hobyo ဆိပ်ကမ်းမြို့ တောင်ဘက် ၅၀ကီလိုမီတာ အကွာ တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်ပတ်ကလည်း မိုဂါဒစ်ရှူးမြို့သို့ ခုတ်မောင်းလာသည့် ဆီတင်သင်္ဘောတစ်စင်းကိုလည်း ပင်လယ်ဓါးပြများက ပြန်ပေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ပင်လယ်ဓါးပြများ ဘက်မှ ပြန်ရွေးငွေ ပမာဏအား ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်းသိရသည်။

ဆိုမာလီပင်လယ်ဓါးပြများသည် အလိုအလျောက်ပစ်ခတ်နိုင်သော လက်နက်များ နှင့် စိန်ပြောင်းများ ကိုင်ဆောင်ထားလေ့ရှိပြီး တစ်ခါတစ်ရံ ၎င်းတို့ပြန်ပေးဆွဲခဲ့သော ငါးဖမ်းသင်္ဘော (သို့) ရွက်လှေအကြီးစားများမှ တစ်ဆင့် လှေငယ်များဖြင့် ဆိုမာလီကမ်းရိုးတန်းမှ ဝေးကွာသည့် နေရာတွင် လိုက်လံတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ဆိုမာလီ ပင်လယ်ဓါးပြလုပ်ငန်း သည် ပြန်ပေးငွေရရှိသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်လာသည်မှ စ၍ ၎င်းတို့သည် အစားအစာများ၊ ရေများ၊ လောင်စာဆီများ နှင့် မူးယစ်စေတတ်သော သစ်ရွက်များ ရရှိနိုင်ရန် ကုန်းပေါ်မှ အထောက်အပံ့အား များစွာ အားထားနေရပြီး ယင်းအထောက်အပံ့များအား ပြန်ရွေးငွေညှိနှိုင်းရေးလုပ်ငန်းစဉ် တစ်လျှောက် ပြန်ပေးဆွဲထားသည့် သင်္ဘောများအား စောင့်ကြည့်ပေးနေသည့် စစ်သွေးကြွများက ပံ့ပိုးပေးနေကြောင်း သိရသည်။

ဆိုမာလီနိုင်ငံသည် ယင်းပင်လယ်ဓါးပြလုပ်ငန်းကြောင့် ၎င်းကိုယ်တိုင် ဆိုးကျိုးများစွာ ခံစားနေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.