ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ဘုရင်သစ် တစ်ပါး တင်မြှောက်ရန်အတွက် အရေးကြီး ကိစ္စရပ်အား လွှတ်တော်သို့ အစိုးရအဖွဲ့က တင်သွင်းလိုက်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပရာဝတ် ဝန်စူမန်က နိုဝင်ဘာလ ၂၉ ရက်က ပြောကြားလိုက်ကြောင်း သိရသည်။
ဆိုးလ်၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး က သမ္မတရာထူးစွန့်လွှတ်ခြင်းအပါအဝင် လွှတ်တော်၏ ဆုံးဖြတ်ချက်မှန်သမျှကို ၎င်းအနေဖြင့် လိုက်နာသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၉ရက်တွင်ပြောကြားခဲ့သည်။
ဘရာဇီးဘောလုံးအသင်း တစ်သင်းမှ ကစားသမားများတင်ဆောင်လာသော လေယာဉ်သည် ကိုလံဘီယာနိုင်ငံ၌ (ယနေ့) နိုဝင်ဘာလ ၂၉ ရက်တွင် ပျက်ကျသွားကြောင်း သိရသည်။
ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အိမ်ရှေ့မင်းသား မဟာ ဗာဂျီရယ်လောင်ကွန် (Maha Vajiralongkorn) သည် ထိုင်းနိုင်ငံ၏ ဘုရင်သစ် ဖြစ်လာမည် ဖြစ်ကြောင်းနှင့် သက်တော်ရာကျော်ရှည်ပါစေကြောင်း ထိုင်း လွှတ်တော်က နိုဝင်ဘာလ ၂၉ ရက်တွင် ရုပ်မြင်သံကြား ရိုက်ကူးပြသသော အစည်းအဝေး၌ သဘောတူလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် မပေါက်ကွဲသေးသော M-150အချိုရည်ပုလင်းများအား တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များပိုမိုများပြားလာခြင်းကြောင့်ပြည်သူလူထုစိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများ လုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်(OSU) ပရဝဏ်အတွင်း နိုဝင်ဘာလ ၂၈ ရက် က ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁ ဦးဒဏ်ရာရသွားကြောင်း နှင့် ဓားကိုင်တိုက်ခိုက်သူ ( သံသယတရားခံ) ကို သေနတ်ဖြင့် အသေပစ်သတ် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ယာ၌ ကျပ် သိန်း ၁၄၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
တိုင်ယွမ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) လွန်ခဲ့သော နှစ်ပေါင်း ၆,၀၀၀ အကြာက လူမျိုးစု တစ်စု၏ ခေါင်းဆောင် ရုံးခန်း သို့မဟုတ် အစည်းအဝေး ခန်းမဟု ယုံကြည်ရသည့် ပဉ္စဂံ ပုံသဏ္ဍာန်ရှိသော အဆောက်အဦတစ်ခု အပျက်အစီးများအား ရှေးဟောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံ...