Connect with us

Culture & Entertainment

နှစ်ပေါင်း ၆၀၀၀ သက်တမ်းရှိ အဆောက်အအုံကြီး တရုတ်နိုင်ငံ မြောက်ပိုင်းတွင် တွေ့ရှိ

နှစ်ပေါင်း ၆,၀၀၀ သက်တမ်းရှိသော အဆောက်အအုံကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

တိုင်ယွမ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

လွန်ခဲ့သော နှစ်ပေါင်း ၆,၀၀၀ အကြာက လူမျိုးစု တစ်စု၏ ခေါင်းဆောင် ရုံးခန်း သို့မဟုတ် အစည်းအဝေး ခန်းမဟု ယုံကြည်ရသည့် ပဉ္စဂံ ပုံသဏ္ဍာန်ရှိသော အဆောက်အဦတစ်ခု အပျက်အစီးများအား ရှေးဟောင်း သုတေသန ပညာရှင်များက တွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီးပြည်နယ်က အာဏာပိုင်များက နိုဝင်ဘာလ ၂၈ ရက်က ပြောသည်။

အဆိုပါ နေရာအား ရှန်ရှီးပြည်နယ် လီဖန်မြို့က တောင်ယွမ်ရှိ ကျောက်ခေတ်သစ် အပျက်အစီးများတွင် ရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း ဧရိယာ ၉၀ စတုရန်းမီတာရှိကြောင်း၊ ကျန်ရှိသည့် နံရံ အကျယ်မှာ အများဆုံး ၅၀ စင်တီမီတာရှိကြောင်း ဒေသဆိုင်ရာ ရှေးဟောင်း သုတေသနအသင်းနှင့်အတူ သုတေသနပြုနေသည့် သုတေသန ပညာရှင် ရွှဲရှင်းမင်က ပြောသည်။

ယင်းနံရံများ အတွင်း၌ မြက်နှင့် ရွှံ့များ ရောကာ သုတ်ထားပြီး အိမ်နှင့် နံရံအား ထောက်ပင့်ထားသော သစ်သား တိုင်လုံးများ ထည့်ထားသည့် အပေါက်များစွာ တွေ့ရှိရကြောင်း ရွှဲက ပြောသည်။

ဆလင်ဒါပုံသဏ္ဍာန်ရှိသော မီးဖိုအား နေအိမ်အတွင်းရှိ မြေအောက်တွင် တွေ့ခဲ့ရပြီး ရှေးဟောင်းလူများက အပူပေးစနစ်၊ ချက်ပြုတ်ခြင်းနှင့် အလင်းရောင်အတွက် အသုံးပြုခြင်း ဖြစ်သည်။

“အဲဒီ အဆောက်အအုံကြီးဟာ လူမျိုးစု ခေါင်းဆောင်အတွက် ရုံးခန်း သို့မဟုတ် အများပြည်သူ အစည်းအဝေး ပြုလုပ်မဲ့နေရာ သို့မဟုတ် ဝတ်ပြုကိုးကွယ်ရာ နေရာ ဖြစ်နိုင်တယ်” ဟု ရွှဲက ပြောသည်။

တရုတ်နိုင်ငံတွင် သမိုင်း မတိုင်မီခေတ်က အဆောက်အအုံပေါင်း တစ်ဒါဇင် တွေ့ရှိထားကြောင်း အဓိကအားဖြင့် ဟဲနန်ပြည်နယ် လင်းဗြောင်မြို့၌ တည်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.