Connect with us

Asia

ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား ဗာဂျီရယ်လောင်ကွန်ကို ဘုရင်သစ်အဖြစ် တင်မြှောက်မည်

ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာ ဗာဂျီရယ်လောင်ကွန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အိမ်ရှေ့မင်းသား မဟာ ဗာဂျီရယ်လောင်ကွန် (Maha Vajiralongkorn) သည် ထိုင်းနိုင်ငံ၏ ဘုရင်သစ် ဖြစ်လာမည် ဖြစ်ကြောင်းနှင့် သက်တော်ရာကျော်ရှည်ပါစေကြောင်း ထိုင်း လွှတ်တော်က နိုဝင်ဘာလ ၂၉ ရက်တွင် ရုပ်မြင်သံကြား ရိုက်ကူးပြသသော အစည်းအဝေး၌ သဘောတူလိုက်သည်။

နတ်ရွာစံ ဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒတ်သည် အိမ်ရှေ့မင်းသား ဗာဂျီရယ်လောင်ကွန်အား ထီးနန်း အရိုက်အရာ ခံယူရန် လွှဲအပ်ခဲ့ကြောင်း၊ လွှတ်တော် လုပ်ထုံးလုပ်နည်းအရ ဘုရင်အဖြစ် တင်မြှောက်ရန် အိမ်ရှေ့မင်းသားအား ဖိတ်ကြားရမည် ဖြစ်ကြောင်း အမျိုးသား ဥပဒေပြုလွှတ်တော် ဥက္ကဋ္ဌ Pornpetch Wichitchochai က ပြောသည်။

အစည်းအဝေးပြီးနောက် လွှတ်တော် အမတ်များအားလုံး မတ်တပ်ရပ်ကာ ဘုရင်းမင်းမြတ်သစ် သက်တော်ရာကျော် ရှည်ပါစေကြောင်း ကြိုဆိုဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။

လုပ်ထုံးလုပ်နည်းအရာ အိမ်ရှေ့မင်းသားအနေဖြင့် ဖိတ်ကြားမှုအား လက်ခံရမည် ဖြစ်သည်။

ထိုင်းနိုင်ငံ ဘုရင် အဒူလျာဒတ်သည် နာမကျန်းဖြစ်ပြီးနောက် သက်တော် ၈၈ နှစ်အရွယ် အောက်တိုဘာလ ၁၃ ရက်၌ နတ်ရွာစံခဲ့သည်။

အသက် ၆၄ နှစ်အရွယ် အိမ်ရှေ့မင်းသား ဗာဂျီရယ်လောင်ကွန်အား ၎င်း၏ ခမည်းတော်က ၁၉၇၂ ခုနှစ်တွင် ထီးနန်းလွှဲအပ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.