Connect with us

Asia

လွှတ်တော်၏ဆုံးဖြတ်ချက်မှန်သမျှကို လိုက်နာမည်ဟု တောင်ကိုရီးယားသမ္မတ ပြောကြား

တောင်ကိုရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး က သမ္မတရာထူးစွန့်လွှတ်ခြင်းအပါအဝင် လွှတ်တော်၏ ဆုံးဖြတ်ချက်မှန်သမျှကို ၎င်းအနေဖြင့် လိုက်နာသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၉ရက်တွင်ပြောကြားခဲ့သည်။

သမ္မတ ပတ်ဂွမ်ဟေး နှင့် ၎င်း၏အကြံပေးပုဂ္ဂိုလ်တို့ ပါဝင်သည့် အရှုပ်တော်ပုံများ စတင်ပေါက်ကြားခဲ့သည့် အောက်တိုဘာလ ကတည်းက သမ္မတ ပတ်ဂွမ်ဟေးသည် ရုပ်မြင်သံကြား၌ မိန့်ခွန်းများပြောကြားခဲ့ရာ ယခုမိန့်ခွန်းသည် တတိယမြောက်မိန့်ခွန်း၌ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အစွပ်စွဲခံရသည့် သမ္မတ ပတ်ဂွမ်ဟေး က နိုင်ငံရေး အသိုင်းအဝိုင်းက ဆုံးဖြတ်ခဲ့သည့် အစီအစဉ်များ နှင့် တရားဝင် လုပ်ဆောင်ချက်များအရ ၎င်းသည် သမ္မတရာထူးအား စွန့်လွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ပတ်က ပြိုင်ဘက်ပါတီများ၊ ပြည်သူလူထုအများစု နှင့် အနိုင်ရပါတီဖြစ်သည့် ၎င်း၏ Saenuri ပါတီ မှ အချို့ပါတီဝင်များ ကပင် လိုလားတောင့်တနေသည့် ရာထူးမှ နှုတ်ထွက်ပေးသည့် ပုံစံမျိုးကိုမူ မဖော်ပြခဲ့ကြောင်း သိရသည်။

ပတ်၏တတိယမြောက်မိန့်ခွန်းသည် ဒီဇင်ဘာ ၉ရက်ထက်နောက်မကျဘဲ ဒီဇင်ဘာ ၂ရက်နောက်ပိုင်း တွင် သမ္မတအား စွပ်စွဲပြစ်တင်ရန်အတွက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားမှု မရောက်ခင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)