သည်ဟေ့ဂ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ အလယ်ပိုင်းရှိ ဘဲ မွေးမြူရေးခြံ တစ်ခု၌ ကြက်ငှက်တုပ်ကွေး ကူးစက်ခံရပြီးနောက် ဘဲကောင်ရေ ၁၉၀,၀၀၀ အား သုတ်သင်ရှင်းလင်းခဲ့ရကြောင်း နယ်သာလန်နိုင်ငံ စီးပွားရေး ဝန်ကြီးဋ္ဌာနက နိုဝင်ဘာလ ၂၆ ရက်က ကြေညာလိုက်သည်။
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ခရီးသည် အလွန်အကျွံ တင်ဆောင်လာသည့် ဂျစ်ကား တစ်စီးသည် နီပေါနိုင်ငံ အလယ်ပိုင်း နာဝယ်ပါရာစီခရိုင်ရှိ ၁၀၀ မီတာနက်သော လျှိုမြောင် တစ်ခုအတွင်းသို့ နိုဝင်ဘာလ ၂၇ ရက်က ပြုတ်ကျသွားခဲ့ရာ လူ ၇ ဦး သေဆုံးကာ ၁၈...
ဘန်ကောက်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း ပတ်ထနီပြည်နယ်တွင် အမည်မသိ သေနတ်သမား နှစ်ဦး ပစ်ခတ်မှုကြောင့် ထိုင်းလူမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံးကာ အခြား အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက နိုဝင်ဘာလ ၂၇ ရက်က...
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် ( ဆင်ဟွာ ) အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ ) ပွဲစဉ်များကို ယနေ့ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်းက မလေးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး အုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲတက်ရောက်သွားပြီဖြစ်သည်။
တီဟီရန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံမြောက်ပိုင်း၌ နိုဝင်ဘာလ ၂၅ ရက်က ရထားမတော်တဆမှုဖြစ်စဉ်အတွင်း သေဆုံးသူဦးရေမှာ ၄၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံလခြမ်းနီအဖွဲ့က နိုဝင်ဘာလ ၂၆ ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၈ နေရာ အတွက် ပါဝင် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းအား ယနေ့နိုဝင်ဘာ ၂၆ ရက်တွင် NLD မှ ထုတ်ပြန် ကြေညာခဲ့သည်။
နေပြည်တော် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် အရာရှိ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျုံကျန့်မင်...
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အစွန်းရောက်အကြမ်းဖက်သမားများအား သွားရောက်တိုက်ခိုက်နေသည့် အမေရိကန်အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးသည် စစ်မြေပြင်၌ ပထမဆုံးကျဆုံးသွားကြောင်း ပင်တဂွန် စစ်ဌာနချုပ်က နိုဝင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဆန်တီယေဂို ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီအနေဖြင့် တောင်အမေရိကတိုက် နှင့် ကာရေဗီယံဒေသရှိ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ သတင်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် နှစ်ဖက်အပြန်အလှန်ဖလှယ်ခြင်းများကို နက်ရှိုင်းစွာ ပြုလုပ်သွားရန် အသင့်ရှိကြောင်း ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်ကျောက်(Cai Mingzhao) က ပြောကြားလိုက်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးအတွင်း ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်သူ ၃ ဦးအား ဖမ်းဆီး ရမိထားပြီး ထပ်မံ စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ယနေ့နိုဝင်ဘာ ၂၆...