Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးအတွင်း ပေါက်ကွဲမှုနှင့် ပတ်သက်သူ ၃ ဦး ဖမ်းဆီးရမိ

အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးအတွင်း ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်သူ ၃ ဦးအား ဖမ်းဆီး ရမိထားပြီး ထပ်မံ စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ယနေ့နိုဝင်ဘာ ၂၆ ရက်တွင် ဆင်ဟွာသို့ပြောသည်။

ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယ ရှိသူ အမျိုးသမီး ၂ ဦးအား ဖမ်းဆီး စစ်ဆေးရာမှ ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ တစ်ဦးကို သင်္ဃန်းကျွန်း မြို့နယ်၌ ဖမ်းမိထားကြောင်း ၊ ၎င်းတို့မှ ပေါက်ကွဲမှု ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အသေးစိတ်နှင့် ပါဝင်သူများအား ထပ်မံ စစ်ဆေး ဖော်ထုတ်နေကြောင်း သိရသည်။ရန်ကုန်မြို့ အလုံလမ်းနှင့် ပြည်လမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်း အောက်ထပ် လဝကရုံး အနီးတွင် နိုဝင်ဘာ ၂၅ ရက် ညပိုင်းအချိန်တွင် ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုလပိုင်း အတွင်း မရမ်းကုန်း ၊ ကိုးမိုင် Ocean၊ ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ ၊ တောင်ဒဂုံမြို့နယ်၊ ၆၄ရပ်ကွက် ပြည်ထောင်စုလမ်းမဘေး၊ လ.ဝ.က ရုံးတို့တွင်လည်း အသေးစားပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။(Xinhua)