Connect with us

Asia

နီပေါနိုင်ငံရှိ လျှိုမြောင်အတွင်း ဂျစ်ကား ပြုတ်ကျမှုကြောင့် လူ ၇ ဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

၂၀၁၃ ခုနှစ် စက်တင်ဘာလက နီပေါနိုင်ငံရှိ လျှိုမြောင် တစ်ခုအတွင်းသို့ ပြုတ်ကျခဲ့သည့် ခရီးသည်တင်ကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ခရီးသည် အလွန်အကျွံ တင်ဆောင်လာသည့် ဂျစ်ကား တစ်စီးသည် နီပေါနိုင်ငံ အလယ်ပိုင်း နာဝယ်ပါရာစီခရိုင်ရှိ ၁၀၀ မီတာနက်သော လျှိုမြောင် တစ်ခုအတွင်းသို့ နိုဝင်ဘာလ ၂၇ ရက်က ပြုတ်ကျသွားခဲ့ရာ လူ ၇ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျစ်ကားသည် Kadabheri ကျေးရွာမှ Bulingtar ကျေးရွာသို့ သွားရောက်စဉ်တွင် တောင်တက် အဝေးပြေးလမ်း တစ်နေရာ၌ လမ်းချော်သွားခဲ့ပြီး မြို့တော် ခတ္တမန္ဒူမှ အနောက်ဘက် ကီလိုမီတာ ၁၇၀ အကွာတွင် လျှိုထဲ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

ယာဉ်မောင်းသူ အပါအဝင် ဒဏ်ရာရရှိသူ ၃ ဦးသည် စိုးရိမ်ဖွယ် အခြေအနေဖြစ်ပြီး ဒေသခံ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ခရိုင်ရဲတပ်ဖွဲ့ဝင် Kismat Balal Magar က ဆင်ဟွာသို့ ပြောသည်။

ခရီးသည် အလွန်အကျွံတင်ဆောင်ခြင်းနှင့် အရှိန်မထိန်းနိုင်ခြင်းများကြောင့် အလားတူ မတော်တဆမှုမျိုး မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း နီပေါနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန တာဝန်ရှိသူများက ပြောသည်။

ထိုသို့ စည်းကမ်းမဲ့ လုပ်ဆောင်မှုများအား တင်းကျပ်စွာ အရေးယူ ထိန်းချုပ်ရန် ဒေသဆိုင်ရာ အစိုးရနှင့် ရဲတပ်ဖွဲ့အား ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.