ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ရောက်ရှိနေသဖြင့် လက်ရှိအခြေအနေအား လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။
နေပြည်တော် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရေဘေး အန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ပြည်သူများအား ကူညီရန် ပြည်သူ့လွှတ်တော်က ကျပ် သိန်း ၁၅၀ တိတိကို ပေးလှူပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သို့အသိပေး ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဇူလိုင်နောက်ဆုံးပတ်မှာ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄. ၃၇၁ သန်းတန်ဖိုးရှိ ဆန် ၁၃,၃၃၁ တန်ပို့နိုင်ခဲ့ကြောင်း၊ ဇွန်လတင်ပို့မှုထက် ၆၅၄၈ တန် လျော့နည်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
လန်ဒန် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဂျိုစ့်မော်ရင်ဟိုက ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ(Paul Pogba) အား မန်ယူအသင်းမှ ပိုင်ဆိုင်သွားပြီးဖြစ်ကြောင်း ၊ ပေါ့ဘာသည် မန်ယူအသင်းအတွက် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း အသင်းပိုင် အင်တာနက်စာမျက်နှာပေါ်တွင် သြဂုတ် ၉ ရက်က ကြွေးကြော်ပြောဆိုလိုက်သည်။
ဘန်ကောက်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ပိုကီမွန် ဂိုး (Pokemon Go) ကစားခြင်းနှင့် ပတ်သက်၍ ဖြစ်လာနိုင်သည့် မတော်တဆမှုများ အား ကာကွယ်ရန် စည်းကမ်းထိန်းသိမ်းမှုများ လုပ်ဆောင်သွားနိုင်မည်ဟု ထိုင်း တာဝန်ရှိသူများက မျှော်လင့် ထားကြောင်း ဘန်ကောက်ပို့စ်က သြဂုတ်လ ၁၀ ရက်က...
ဆစ်ဒနီ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်းအခြေစိုက် တရုတ်အကြီးစား ရင်းနှီးမြှုပ်နှံမှု စီးပွားရေးအုပ်စု တစ်ခုက သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ် အနီး သန္တာကျောက်တန်းများအလယ် ရှိ ကျွန်းတစ်ကျွန်းအား သြစတြေးလျဒေါ်လာ ၂၅သန်း (အမေရိကန်ဒေါ်လာ ၁၉.၂၁သန်း)ခန့် ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။
ဟနွိုင်း ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံသည် ၂ဝ၁၇ ခုနှစ် မှစတင်ကာ နိုင်ငံခြားခရီးသွားများပြည်တွင်းဝင်ရောက်ရာတွင် လွယ်ကူချောမောစေရန် အီလက်ထရောနစ် (ဒီဂျစ်တယ်) ဗီဇာစနစ်ကို ကျင့်သုံးသွားမည်ဟု ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောကြားသည်။
နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) သြဂုတ်လကုန်တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ဦးအပါအဝင် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၇၀၀ ဦးခန့် တက်ရောက် မည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန...
လန်ဒန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံရှိ ဟယ်ရီပေါ်တာနှင့် ပရော်ဖက်ဆာ စတုန်း ဝတ္ထု ထုတ်ဝေခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြပွဲအား ၂၀၁၇ ခုနှစ် ဆောင်းဦးရာသီတွင် ပြုလုပ်ရန်ရှိကြောင်း ဗြိတိသျှ စာကြည့်တိုက်က သြဂုတ်လ ၉ ရက်က ကြေညာလိုက်သည်။
ဆန်ဖရမ်စစ္စကို ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် စစ်စခန်းများ ၊ လေဆိပ်များ နှင့် စက်မှုဇုံများ၌ မီးဘေးကာကွယ်ရေးအတွက် မီးသတ်ဆေးအမြှုပ်များကို အသုံးပြုနေခြင်းကြောင့် အနီးပတ်ဝန်ကျင်ရှိ သောက်သုံးရေများတွင် ဖလူအိုရင်းဓာတုဒြပ်စင် ပျော်ဝင်မှု မြင့်မားလျက်ရှိကြောင်း သုတေသနအဖွဲ့တစ်ခုက သြဂုတ်လ ၉ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။