Connect with us

Local

ဇူလိုင် လနောက်ဆုံးပတ် တွင် ဆန်တန်ချိန် ၁၃,၃၃၁ တန်တင်ပို့နိုင်ခဲ့

ဆန်အိတ်များတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဇူလိုင်နောက်ဆုံးပတ်မှာ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄. ၃၇၁ သန်းတန်ဖိုးရှိ ဆန် ၁၃,၃၃၁ တန်ပို့နိုင်ခဲ့ကြောင်း၊ ဇွန်လတင်ပို့မှုထက် ၆၅၄၈ တန် လျော့နည်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဇူလိုင်တစ်လလုံးတွင် အမေ ရိကန်ဒေါ်လာ ၁၈ . ၅၂၁ သန်း တန်ဖိုးရှိ ဆန် ၅၁,၉၆၄ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဇွန်လတင်ပို့မှုထက် ၆၅၄၈ တန် လျော့နည်းခဲ့ကြောင်း၊ ဇူလိုင်လ အတွင်း ဆန် ကွဲတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၈၂ သန်း၊ တန်ချိန် ၃၉၄၅ တန်ရှိပြီး ဇွန်လတင်ပို့မှုထက် ၇၅၁၈ တန် လျော့နည်းခဲ့ကြောင်း သိရသည်။
ဇူလိုင်နောက်ဆုံးပတ်တွင် အမေ ရိကန်ဒေါ်လာ ၁.၇၆၉ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၆၄၇၁ တန် တင်ပို့ခဲ့ပြီး ဇူလိုင် တစ်လလုံးတွင် အမေရိကန်ဒေါ်လာ ၆.၅၈၇ သန်းတန်ဖိုးရှိ ဆန်ကွဲ ၂၃,၈၇၁ တန် တင်ပို့ခဲ့ပြီး ဇွန်လတင်ပို့မှုနှင့် နှိုင်းယှဉ် ပါက ၁၂၂၅ တန် လျော့ နည်းခဲ့ကြောင်း သိရသည်။
ထိုသို့ တင်ပို့ရာတွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၃၅၅၈ တန်၊ ဧည့်မထ ဆန် တန် ၁၀၀၀၊ ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် တန် ၁၅၃၀ နှင့် လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ငစိန်ဆန် ၇၂၄၃ တန် တင်ပို့ခဲ့ကြောင်း သိရသည်။
ပင်လယ်ရေကြောင်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃. ၆၅၀ သန်း တန်ဖိုးရှိ ဆန်ဖြူ နှင့် ပေါင်းဆန် ၁၁,၆၃၃ တန်ကို ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်အတွင်းမှာ ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံသို့ ဧည့်မထ ဆန် ၁၀,၀၅၀ တန်၊ တရုတ်နိုင်ငံသို့ ငစိန်ဆန် ၇၅ တန်နဲ့ အီးယူနိုင်ငံများသို့ ဧည့်မထဆန် ၁၂၀၈ တန်၊ ငစိန်ဆန် တန် ၂၀၀ နှင့် ပေါင်းဆန်တန် ၁၀၀ တင် ပို့ခဲ့ပြီး ဇူလိုင်လ တစ်လလုံးတွင် အမေရိကန်ဒေါ်လာ ၅.၆၂၄ သန်း တန်ဖိုးရှိ ဆန်ဖြူနှင့် ပေါင်း ဆန် ၁၆,၉၀၃ တန်တင်ပို့ခဲ့ကြောင်း၊ အနီးစပ် ဆုံးဇွန်လထက် ၁၀,၉၂၄ တန် လျော့ နည်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.