Connect with us

Asia

ပိုကီမွန် ဂိုး ဂိမ်း ရူးသွပ်မှုကြောင့် ဖြစ်လာနိုင်သည့် မတော်တဆမှုအား ကာကွယ်နိုင်မည့် နည်းလမ်းအား ထိုင်း ရှာဖွေ

ပိုကီမွန် ဂိုး ဂိမ်းကစားနေသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ပိုကီမွန် ဂိုး (Pokemon Go) ကစားခြင်းနှင့် ပတ်သက်၍ ဖြစ်လာနိုင်သည့် မတော်တဆမှုများ အား ကာကွယ်ရန် စည်းကမ်းထိန်းသိမ်းမှုများ လုပ်ဆောင်သွားနိုင်မည်ဟု ထိုင်း တာဝန်ရှိသူများက မျှော်လင့် ထားကြောင်း ဘန်ကောက်ပို့စ်က သြဂုတ်လ ၁၀ ရက်က သတင်းဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် သြဂုတ်လ ၆ ရက်တွင် Nintendo ကုမ္ပဏီ လီမိတက်က စတင် မိတ်ဆက်ခဲ့သည့် အငြင်းပွား ဖွယ် ဂိမ်းသည် အထူးသဖြင့် ထိုင်း လူငယ်များအား ဆွဲဆောင်ခဲ့သည်။
ထိုင်းနိုင်ငံ အမျိုးသား အသံလွှင့်ရုံနှင့် ဆက်သွယ်ရေး ကော်မရှင် (NBTC) နှင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဝန်ကြီးဋ္ဌာန (ICT) တို့က ဂိမ်းကြောင့် ဖြစ်လာနိုင်သည့် မတော်တဆမှုများအား ကာကွယ်ရန် “ဂိမ်းကစားရန် ဇုန် သတ်မှတ်ခြင်း” စသဖြင့် စည်းကမ်း ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
မိဘများ အနေဖြင့် သားသမီးများအား ဂိမ်းမကစားစေရန် နီးကပ်စွာ အကြံပေးရန်လည်း ပြောကြားခဲ့သည်။
ဘန်ကောက်၏ နာမည်ကျော် ဈေးဝယ်စင်တာ Paragon ရှိ ဇိမ်ခံ ပစ္စည်း စတိုးဆိုင်များ ရှေ့၌ သြဂုတ်လ ၉ ရက် ညပိုင်းက ပိုကီမွန် ဂိုး ဂိမ်း ဆော့ကစားနေသည့် လူ အများအပြားအား တွေ့ခဲ့ရသည်ဟု ဆိုသည်။
မြို့တော် ဘန်ကောက် ပြင်ပတွင်လည်း အလားတူ ဖြစ်ရပ်များ ရှိခဲ့သည်။ နာခွန် ရတ်ချာစီးမား ပြည်နယ်ရှိ အများပြည်သူ သွားလာသည့် နေရာတွင် အမြဲလိုလို တိတ်ဆိတ်လေ့ရှိသည့် ည ၁၀း၀၀ နာရီ အချိန်၌ပင် ပိုကီမွန် ဂိုး ကစားသူ ၇၀၀ ဦး ခန့် ရှိနေခဲ့ကြောင်း ထိုင်း မီဒီယာ Komchadluek အရ သိရသည်။
အဆိုပါ ဂိမ်း ကစားနေခြင်းကြောင့် လမ်းလျှောက်ရာတွင် အာရုံ ပျက်ပြားကာ ၎င်း ကိုယ်တိုင် သာမက အနီးဝန်းကျင်က လူများကိုပါ အန္တရာယ်ရှိစေသည်။
ထိုင်းနိုင်ငံတွင် အစောပိုင်းကတည်းက ကားမောင်းနေစဉ် ဂိမ်းကစားခြင်းအား တင်းကျပ်စွာ တားမြစ်ထားခဲ့ပြီး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.