Connect with us

Australia / Oceania

သြစတြေးလျရှိ ကျွန်းတစ်ကျွန်းကို တရုတ်စီးပွားရေး လုပ်ငန်းတစ်ခုက ဝယ်ယူခဲ့ကြောင်း မီဒီယာများက ပြောကြား

သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်ရှိ South Molle ကျွန်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းအခြေစိုက် တရုတ်အကြီးစား ရင်းနှီးမြှုပ်နှံမှု စီးပွားရေးအုပ်စု တစ်ခုက သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ် အနီး သန္တာကျောက်တန်းများအလယ် ရှိ ကျွန်းတစ်ကျွန်းအား သြစတြေးလျဒေါ်လာ ၂၅သန်း (အမေရိကန်ဒေါ်လာ ၁၉.၂၁သန်း)ခန့် ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

Whitsundays ကျွန်းများထဲတွင်ပါဝင်သည့် South Molle ကျွန်းအား ကျွန်းပိုင်ရှင် Craig Ross က ဧပြီလတွင် ရောင်းရန်ကြေညာခဲ့ကြောင်း Fairfax မီဒီယာက သြဂုတ် ၁၀ ရက်တွင်ဖော်ပြခဲ့သည်။
အဆိုပါ ကျွန်းရောင်းချမှု တွင် ၁၂ ဟက်တာ ကျယ်ဝန်းသော လှပသည့် ကမ်းခြေတစ်ခု၊ အကျယ်၆၀၀မီတာကျော်ရှိသည့် ကမ်းခြမျက်နှာစာတစ်ခု နှင့် ကျွန်းအလယ်တွင် သဘာဝသစ်ပင်ပန်းမန်များဖြင့် ဝန်းရံထားသည့် ၁၅ဟက်တာကျယ်ဝန်းသော ဆိတ်ငြိမ်သည့် နေရာအပိုင်းတစ်ခု ပါဝင်ကြောင်း သတင်း၌ဖော်ပြထားသည်။
ထို့အပြင် ဝန်ဆောင်မှု အပြည့်ပါဝင်သော အခန်းပေါင်း ၁၈၈ခန်းရှိသည့် အပန်းဖြေ အဆောက်အအုံတစ်လုံး ထပ်မံပါဝင်ကြောင်း သိရသည်။
အခန်းပေါင်း ၁,၃၀၀ ပါဝင်သည့် အပန်းဖြေ အဆောက်အအုံတစ်လုံး တည်ဆောက်ရန် အလားအလာ ရှိသည့် သတင်းအချက်အလက် သဘောတူညီချက် အရ အဆိုပါကျွန်းသည် နောင်ကာလတွင် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားသည့် ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း ယုံကြည်ရပြီး အပန်းဖြေ အဆောက်အအုံတည်ဆောက်မှုသည် အစိုးရ၏ ခွင့်ပြုချက်အပေါ် မူတည်နေကြောင်းသိရသည်။
ယခုလို South Molle ကျွန်းအား ဝယ်ယူခြင်းသည် တရုတ်အကြီးစား ရင်းနှီးမြှုပ်နှံမှု စီးပွားရေးအုပ်စု၏ ကွင်းစ်လန်းပြည်နယ်တွင် ပထမဆုံး ဝယ်ယူမှုမဟုတ်ပဲ ၂၀၁၅ခုနှစ်တွင် Nature’s Own စီးပွားရေးလုပ်ငန်း တည်ထောင်သူ Vaughan Bullivant ထံမှ Daydream ကျွန်း (West Molle) အပန်းဖြေအိမ်ရာ ကိုလည်းသြစတြေးလျဒေါ်လာ သန်း ၃၀ ခန့် (အမေရိကန်ဒေါ်လာ ၂၃သန်း) ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.