စင်ကာပူ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) စင်ကာပူ လေကြောင်းလိုင်း (SIA) ပိုင်လေယာဉ် တစ်စီးသည် ဇွန်လ ၂၇ ရက် နံနက်ပိုင်းက ချန်ဂီလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ ပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ မီဒီယာများ က ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသည့် စွန့်ပစ် အမှိုက်များသည် တစ်ရက်လျှင် တန်ချိန်အားဖြင့် တန် ၂၄ဝဝ ခန့်ရှိကြောင်း စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန၏ ထုတ်ပြန်သည့် စာရင်းဇယားများအရသိရသည်။
နေပြည်တော်၊ ဇွန်လ ၂၆ ရက် (ဆင်ဟွာ) ၂၁ ရာစုပင်လုံ၊ သို့မဟုတ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြသနာများကို သိသာစွာ လျော့နည်းသွားအောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့နံနက်ပိုင်း နေပြည်တော် MICC II...
ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ခန်ဒတ်ဇ် ၊ အာဖဂန်နစ္စတန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အမေရိကန်မောင်းသူမဲ့ လေယာဉ် (drone) ၏ ညလုံးပေါက် တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ခန်ဒတ်ဇ် ပြည်နယ်၌ တာလီဘန် စစ်သွေးကြွ ၁၆ ဦးသေဆုံးသွားကြောင်း ဇွန် ၂၆ ရက်တွင် ထုတ်ပြန်သည့် အာဖဂန်စစ်တပ်ကြေညာချက်တွင်...
ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ) ကရင်ပြည်နယ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၂၉၅ )မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားချက်အရသိရသည်။
ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့အထွက် ၇ မိုင်ခန့်အကွာ၊ ရေယားကျေးရွာနှင့် ရေယောင်း မကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီး၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်များအား ရှောင်တခင်စစ်ဆေးစဉ် ကျပ်သိန်းပေါင်း လေးသောင်းခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ၏ အကောက်ခွန်ဌာနသည် ၂ဝ၁၄ ခုနှစ်မှစတင်ကာ မူးယစ်ဆေးဝါးမှောင်ခိုမှုမှတဆင့် မူးယစ်ဆေး ၁၅.၆ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေး(GAC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖနွမ်ပင် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားအစိုးရသည် ပြီးခဲ့သောနှစ်က ဖမ်းဆီးရမိထားသော ဆေးခြောက် ၊ မက်ဖက်ဖာတမင်း စိတ်ကြွဆေးပြား နှင့် ဘိန်းဖြူ စသည့် မူးယစ်ဆေးဝါး အလေးချိန် ၁.၅၆ တန်ကို ဇွန်လ ၂၆ ရက်တွင် မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဆန်တီယေဂို ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ချီလီဘောလုံးအကျော်အမော အာတာရိုဗီဒဲလ်(Arturo Vidal) က ၎င်းတို့အသင်းသည် ဇွန် ၂၆ ရက် ( အမေရိကန်စံတော်ချိန်) တွင် အာဂျင်တီနားအသင်း နှင့် ယှဉ်ပြိုင်ကစားရမည့် ကိုပါအမေရိကဖလားဗိုလ်လုပွဲကို ကမ္ဘာ့ဖလားဗိုလ်လုပွဲကဲ့သို့သဘောထားပြီး အလေးအနက်ထား ယှဉ်ပြိုင်ကစားသွားမည်ဟု ချီလီနေ့စဉ် သတင်းစာတစ်စောင်ဖြစ်သည့် Las...