Connect with us

Politics, Law & Military

၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် မူးယစ်အမှုပေါင်း ၂၉၅ မှုဖမ်းဆီးနိုင်ခဲ့

ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (M.O.I)

ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၂၉၅ )မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားချက်အရသိရသည်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ် တစ်နှစ်တာကာလ အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အနေဖြင့် အမှုပေါင်း (၂၉၅) မှုမှ တရား ခံပေါင်း (၄၇၆) ဦးအား စိတ်ကြွဆေး (ဆယ်သိန်း သုံးသောင်း ကိုးထောင် ရှစ်ရာ ငါးဆယ် ခုနှစ်ပြား) ဆေးခြောက် (နှစ်ထောင့်ခုနှစ်ရာသုံးဆယ့်နှစ်ဂရမ်)၊ ဘိန်းစိမ်း (ခုနှစ်ကီလို)၊ ICE (တစ်ထောင့် လေးရာ့ငါးဂရမ်)၊ မူးယစ်ဆေးဝါး တန်ဘိုးကျပ် (သန်းပေါင်း သုံးထာင်နှစ်ရာလေးဆယ့်ရှစ်သိန်း)၊ ငွေကျပ် (သုံးရာ ကိုးဆယ့်ငါးသိန်းကျော်)၊ လက်နက်မျိုးစုံ (၃၁) လက်၊ ကျဉ်မျိုးစုံ (၄၁၆) တောင့်၊ လက်ပစ်ဗုံး (၅) လုံး၊ မိုင်း (၇) လုံးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.