Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံသည် မူးယစ်ဆေးဝါး ပြသနာကို လျော့ကျစေမည်

နေပြည်တော်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနား တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန်လ ၂၆ ရက် (ဆင်ဟွာ)

၂၁ ရာစုပင်လုံ၊ သို့မဟုတ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြသနာများကို သိသာစွာ လျော့နည်းသွားအောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့နံနက်ပိုင်း နေပြည်တော် MICC II တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ မူးယစ်ဆေးဝါး ပြသနာဟာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ် ပတ်သက်နေတဲ့ ထူးခြားတဲ့ သမိုင်းနောက်ခံ အခြေအနေတွေ ရှိနေပါတယ်။ ၂၀၁၅ မှာတော့ NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နဲ့လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် အဲဒီ အဖွဲ့ရှစ်ဖွဲ့နဲ့ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ကျဆင်းရေးကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ မှာလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံကို ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေပါပြီ။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများမှတစ်ဆင့် မူးယစ်ဆေးဝါး ပြသနာကို သိသိသာသာ လျော့နည်း ကျဆင်းသွားအောင် ဆက်လက်ဆောင်ရွက် သွားရမှာပဲ ဖြစ်ပါတယ်” ဟု ဒုတိယ သမ္မတက ယနေ့အခမ်းအနား အဖွင့် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး သို့တက်ရောက်လာသူများ ကိုတွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့်အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများ ကြီးထွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် နယ်မြေ ဒေသ မတည်ငြိမ်သဖြင့် တရားဥပဒေ စိုးမိုးရေး တည်ဆောက်ရာတွင် အခက်အခဲများ စိန်ခေါ်မှုများ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နိုင်ငံတကာ ကွန်ဗင်း၇ှင်းများနှင့် အညီ ကြိုးပမ်းခဲ့ရာတွင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခနှင့် မူးယစ်ဆေးဝါး ပြသနာတို့ခွဲခြားမရဘဲ ရောထွေးနေကြောင်း၊ ထိုအချိန်တွင် မြန်မာ့ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးအတွက် စစ်ဆင်ရေး အဆင့်ဆင့်ကို ၁၉၇၆ ခုနှစ်မှ ၁၉၈၈ အထိ ဆောင်ရွက်ခဲ့ကြောင်းလည်း ဒုတိယ သမ္မတက ၇ှင်းလင်း ပြောကြားခဲ့သည်။
“၁၉၈၈ နောက်ပိုင်းမှာလည်း နိုင်ငံရေးနည်းလမ်းအရ အမျိုးသား ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပြီး လက်နက်ကိုင် အဖွဲ့အစည်းတချို့ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာတဲ့အတွက် မူးယစ်ဆေးဝါး ပ ပျောက်ရေး လုပ်ငန်းတွေကို ဒီ အဖွဲ့အစည်းတွေနဲ့အတူ အရှိန် အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ကြောင်း တွေ့ရပါတယ်” ဟုလည်း ဦးမြင့်ဆွေက ဖြည့်စွက် ပြောခဲ့သည်။
အမျိုးသား ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ် အောင်မြင်သည်နှင့် အမျှ မူးယစ်ဆေးဝါး ပ ပျောက်ရေးကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်သည့် သာဓကများကြောင့် ယခု ဆောင်ရွက်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပြသနာအား ဖြေရှင်းနိုင်မည်ဟု ဒုတိယ သမ္မတက ရည်ညွှန်း ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ မူးယစ် ဗဟို အဖွဲ့သည် မူးယစ်ဆေးဝါး ပပျောက်ရေး၊ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးတို့အတွက် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ မှ ၂၀၁၄ ခုနှစ်အထိ မြို့နယ်ပေါင်း ၅၁ မြို့နယ်တွင် ဆောင်ရွက်ခဲ့ပြီး ၁၉၉၉ မှ၂၀၀၅ အတွင်း ဘိန်းစိုက်ဧက လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် မူးယစ်ဆေးဝါး လိုအပ်ချက် မြင့်တက်လာခြင်း၊ တရားမဝင် ဈေးကွက် ကြီးမားလာခြင်း၊ ဘိန်းစိုက်ဒေသများ၏ ပထဝီအနေအထား ဝေးလံ ခေါင်းပါးကာ ဖွံ့ဖြို းမှု နောက်ကျကျန်ခဲ့ခြင်း၊ နယ်မြေ တည်ငြိမ် အေးချမ်းမှု အားနည်းခြင်းများကြောင့် ၂၀၀၆ နောက်ပိုင်း ၂၀၁၃ ခုနှစ်အထိ ခုနစ်နှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှု ပြန်လည် မြင့်မားလာခဲ့သည်။
နောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျရေးကို မြန်မာအစိုးရက ပိုမို အလေးထား ဆောင်ရွက်လာနိုင်ပြီး ၂၀၁၄ ၂၀၁၅ ခုနှစ်တွင် ပြန်လည် ထိန်းချုပ်နိုင်လာကာ ဘိန်းစိုက်ပျိုးမှု ကျဆင်းသည့်ဘက်သို့ဦးတည်လာကြောင်း UNODC (United Nations Organization of Drug Control) ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ Xinhua

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.