Connect with us

Politics & Security

ကမ္ဘောဒီးယားတွင် ဘိန်းဖြူ ၊ ဆေးခြောက် ၊ စိတ်ကြွဆေး စုစုပေါင်း ၁.၅၆ တန် မီးရှို့ဖျက်ဆီး

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့၌ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်က မူးယစ်ဆေးဝါးအမြောက်အမြားဖမ်းဆီးရမိစဉ်(ဆင်ဟွာ)

ဖနွမ်ပင် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားအစိုးရသည် ပြီးခဲ့သောနှစ်က ဖမ်းဆီးရမိထားသော ဆေးခြောက် ၊ မက်ဖက်ဖာတမင်း စိတ်ကြွဆေးပြား နှင့် ဘိန်းဖြူ စသည့် မူးယစ်ဆေးဝါး အလေးချိန် ၁.၅၆ တန်ကို ဇွန်လ ၂၆ ရက်တွင် မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် က ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါ မီးရှို့ပွဲကို နိုင်ငံတကာမူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် လည်းဖြစ် ၊ ကမ္ဘောဒီးယားနိုင်ငံ မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့(NACD) ဥက္ကဋ္ဌ လည်းဖြစ်သူ Ke Kim Yan က မီးရှို့ဖျက်ဆီးလိုက်သည့် မူးယစ်ဆေးဝါးများတွင် ဆေးခြောက် ၁.၄၉ တန် ၊ ဆေးခြောက်အဆီ ၁.၅ ကီလိုဂရမ် ၊ မက်အက်ဖာတမင်းဆေးပြား ၆၇.၄ ကီလိုဂရမ် နှင့်ဘိန်းဖြူ ဝ.၃၄ ကိုလီဂရမ် ပါဝင်ကြောင်းပြောကြားခဲ့သည်။
ထို့ပြင် Kim Yan က ကမ္ဘောဒီးယားနိုင်ငံ မူးယစ်ဆေးတိုက်ဖျက်ရေးရဲတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များ နှင့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်သော မှုခင်းများကို နှိမ်နင်းပေးခဲ့ခြင်းများကို ချီးကျူးဂုဏ်ပြုကြောင်းပြောကြားခဲ့သည်။
“ ကမ္ဘောဒီးယားနိုင်ငံဟာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံအနှံ့အပြားက တင်သွင်းလာတဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှု ဒဏ်ကို ခံစားနေကြရပါတယ်။အထူးသဖြင့် ရွှေတြိဂံဒေသက တင်သွင်းလာတဲ့ မူးယစ်ဆေးဝါးတွေပေါ့” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံသည် မူးယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှုအတွက် ခရီးတစ်ထောက်နားနေရာဖြစ်နေကြောင်း နှင့် ထိုမှတဆင့် တတိယနိုင်ငံသို့တင်ပို့နေကြောင်း Kim ကထည့်သွင်းပြောကြားခဲ့သည်။သို့သော်ကမ္ဘောဒီးယားမူးယစ်တိုက်ဖျက်ရေးအဖွဲ့၏ကြိုးပမ်းချက်ကြောင့် မူးယစ်မှောင်ခိုမှုများမှာ မအောင်မမြင်ဖြစ်ခဲ့ရပြီး ယင်းအတွက် ရဲတပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမှုပမာဏ မြင့်တက်ခဲ့သည်။ NACD အဖွဲ့၏ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးမှုဖြင့် သံသယရှိသူပေါင်း ၇ဝဝ၈ ဦး နှင့် မူးယစ်ဆေးဝါး ၁.၆ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။ထို့ပြင် ပြီးခဲ့သောနှစ်တွင် မူးယစ်ဆေးဝါးမှုပေါင်း ၃ဝ၆၁ မှုထိ ရှိခဲ့ကြောင်း NACD ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် မူးယစ်ဆေးစွဲနေသူပေါင်း ၁၆၅၇၅ ဦးရှိပြီး ၎င်းတို့အနက် ၇၇၅၃ ဦးသာ ဆေးဖြတ်ရန် ဆေးဝါးကုသမှုခံယူနေကြောင်း NACD က ဆိုသည်။ကမ္ဘောဒီးယားနိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို သေဒဏ်အပြစ်ပေးရေးဥပဒေပြဌာန်းထားခြင်းမရှိဘဲ မူးယစ်ဆေး ၈ဝ ဂရမ်ထက်ပို၍ ရောင်းဝယ်ဖောက်ကားသူများကို အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံစေ ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.