Connect with us

Politics, Law & Military

ကျပ်သိန်းပေါင်း လေးသောင်းခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများ နှင့် သယ်ဆောင်လာသူများအားတွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့အထွက် ၇ မိုင်ခန့်အကွာ၊ ရေယားကျေးရွာနှင့် ရေယောင်း မကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီး၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်များအား ရှောင်တခင်စစ်ဆေးစဉ် ကျပ်သိန်းပေါင်း လေးသောင်းခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန် ၂၄ ရက် ည ၁၁ နာရီခန့်တွင် တောင်ကြီးမြို့ဘက်မှ သာစည်မြို့ဘက်သို့ ပဲခူးမြို့နေယာဉ်မောင်း …မောင်းနှင်ပြီး ရန်ကုန်မြို့နေ …. ပဲခူးမြို့နေ …. တို့လိုက်ပါလာသော Toyota Ractis အမျိုးအစား (မိုးပြာရောင်)၊ ယာဉ်အမှတ်၊ YGN-4H—-အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ အဝါရောင်ဆာလာအိတ် ငါးအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်းဆေးပြား ၁၀ သိန်း (ကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀၀၀)ခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
အဆိုပါဖမ်းဆီးရမိသူများအား တောင်ကြီးမြို့ရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများကိုလည်းဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.