Connect with us

Environment, Disasters & Accidents

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (မိုးဇလ)

ရန်ကုန်၊ ဇွန်၂၆ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ထိုလေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင်‌့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။
ယနေ့တိုင်းထွာချက်များအရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကွက်ပြီး မိုးကြီးခဲ့ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကော့သောင်းမြို့မှာ (၃.၇၀)လက်မ၊ မိုးကုတ်မြို့မှာ (၂.၂၀)လက်မ၊ ရန်ကုန်(ကမ္ဘာအေး)မှာ (၁.၈၉)လက်မ၊ ကသာမြို့မှာ (၁.၇၇)လက်မ၊ ပြင်ဦးလွင်မြို့မှာ (၁.၅၀)လက်မနဲ့ ပဲခူးမြို့မှာ (၁.၄၂)လက်မတို့ ဖြစ်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.