Connect with us

Culture

(၄)ကြိမ်မြောက် တရုတ်-အာဆီယံ လူငယ် ယဉ်ကျေးမှု ဖလှယ်ပွဲ သွားရောက်မည့် ကျောင်းသားများအား တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်

(၄)ကြိမ်မြောက် တရုတ်-အာဆီယံ လူငယ် ယဉ်ကျေးမှု ဖလှယ်ပွဲ သွားရောက်မည့် ကျောင်းသား/ကျောင်းသူ များ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

(၄)ကြိမ်မြောက် တရုတ်-အာဆီယံ လူငယ် ယဉ်ကျေးမှု ဖလှယ်ပွဲသို့ ၂၀၁၅/၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ကျောင်းသူ များကို စေလွှတ်သည့် တွေ့ဆုံပွဲကို ရန်ကုန်မြို့ ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)တွင် ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး မစ္စတာ ထျင်ဆန့်ထင် (Mr.Tian Shanting)နှင့် သက်ဆိုင်ရာ များ တက်ရောက် ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် မှ တွေ့ဆုံပွဲတွင် နှစ်စဉ် တရုတ် နိုင်ငံ သို့ ထူးချွန် ကျောင်းသား/ကျောင်းသူ များကို စေလွှတ်ခဲ့ကြောင်း နှင့် ယခု တရုတ်-အာဆီယံ ယဉ်ကျေးမှု ဖလှယ်ပွဲသို့ စေလွှတ် ခံရသည့် မြန်မာ နိုင်ငံ ထူးချွန်ကျောင်းသားများ အနေဖြင့် ဂရုပြုရန် လိုအပ်သည် များကို ပြောကြား ခဲ့ပါသည်။

(၄)ကြိမ်မြောက် တရုတ်-အာဆီယံ လူငယ် ယဉ်ကျေးမှု ဖလှယ်ပွဲ သွားရောက်မည့် ကျောင်းသား/ကျောင်းသူ များအား တွေ့ဆုံပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး မှလည်း ယခု တရုတ် နိုင်ငံ သို့ သွားရောက်သည့် ထူးချွန်ကျောင်းသား များသည် ယဉ်ကျေးမှု ဖလှယ်ခြင်း များလုပ်ပြီး အနာဂတ် အတွက် မျှော်လင့်ချက် ရှိသော ကြယ်ပွင့်များ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ နှင့် ပူးပေါင်းကာ အသက်မွေး ဝမ်းကြောင်း ပညာရေး ဆောင်ရွက်မှု များပြုလုပ်ရန် စီစဉ်နေကြောင်း ပြောကြား ခဲ့ပါသည်။
တရုတ် နိုင်ငံ သို့ သွားရောက်မည့် ကျောင်းသား/ကျောင်းသူ များတွင် ၂၀၁၅/၂၀၁၆ ပညာသင်နှစ် ၌ မြန်မာ တစ် နိုင်ငံ လုံ ပထမ ဆု ရရှိခဲ့သည့် မထက်ယမင်းအောင် အပါအဝင် ပြည်နယ်နှင့် တိုင်း တွင် ပထမ ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူ များပါဝင် ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.