Connect with us

Economy

မူဆယ် – မန္တလေး ရထားလမ်း ဖြစ်မြောက်နိုင်ခြေ လေ့လာရန် MoU ရေးထိုး

ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန့် စင်မောင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် – မြန်မာ နှစ်နိုင်ငံ နှစ်ဘက် ကုန်စည်များအား နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် အချိန်တိုအတွင်း ထိရောက်၊ လျင်မြန် လွယ်ကူစွာ သယ်ယူ ပို့ဆောင်နိုင်ရေး၊ ကုန်စည် သယ်ယူရာ တွင် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု အသက်သာဆုံး ဖြစ်ရေး၊ ဒေသတွင်း ပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိပြီး လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် မူဆယ် – မန္တလေး ရထားလမ်း ဖောက်လုပ်ရန် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility study) နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ ယနေ့ညနေတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ရထားလမ်းသစ်စီမံကိန်းသည် မြန်မာနိုင်ငံ အမျိုးသား ပို့ဆောင်ရေး ပင်မ စီမံကိန်း၏ ဦးစား ပေး အကောင်အထည်ဖော်ရန် လိုအပ်သော သယ်ယူ ပို့ဆောင်ရေး စြင်္ကံံ ငါးခုတွင် ပါဝင်ကြောင်း၊ UNESCAP က ဦးဆောင် အကောင်အထည်ဖော်လျက်ရှိသော အာရှဖြတ်သန်း ရထားလမ်းမကြီး ကွန်ရက်၏ တောင်ဘက် စြင်္ကံပေါ်တွင် တည်ရှိသော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် အိန္ဒိယနိုင်ငံ အရှေ့ဘက်သို့ ချိတ်ဆက်၍ ဥရောပအထိ ဖြတ်သန်းသွားလာနိုင်သည့် အလားအလာကိုလည်းကောင်း၊ တောင်ဘက်၇ှိ အင်ဒိုချိုင်းနား ကျွှန်းဆွယ်အထိ ဆက်သွယ်နိုင်မည့် အလားအလာကိုလည်းကောင်း အရှိန်မြှင့်တင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ထို့အပြင် ၎င်းက “ဒီဟာက စီးပွားရေး မဟာဗျူဟာအရ အလွန်အရေးကြီးတဲ့ လမ်းဖြစ်တယ်၊ သူတို့ အားလုံး စိတ်ဝင်စားတဲ့ တရုတ် – မြန်မာ Economic Corridor ရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်။ Economic Corridor ဖြစ်ဖို့ရာ ပထမဆုံး Transport Corridor ဖြစ်ရမယ်၊ Transport Corridor ကနေပြီးတော့မှ တကယ့် စီးပွားရေး တွက်ခြေကိုက်ပြီးတော့ စီးပွားရေး အလုပ်တွေ တကယ်တမ်း ပိုပြီးတော့ ဖွံ့ဖြိုးလာရင် Economic Corridor ဖြစ်လာမယ်” ဟုလည်းပြောခဲ့သည်။ထိုသို့ ဖြစ်လာစေရန် Feasibility ဖြစ်ဖို့ လိုပြီး Environmental Impact, Social Impact Assessment များကို လေ့လာ စိစစ်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုက ယခု ရထားလမ်းအား ဖောက်သင့်သော လမ်းအဖြစ် လက်ခံလာကြမည်ဆိုလျှင် အောင်မြင်မည်ဖြစ်ကြောင်းလည်း ပြည် ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

MoU လက်မှတ်ရေးထိုးကြစဉ်(ဆင်ဟွာ)

နှစ်နိုင်ငံ ကာလ ကြာရှည်စွာ ချစ်ကြည်မှုကို အခြေခံပြီး မြန်မာ့ မီးရထားနှင့် တရုတ်နိုင်ငံ CREEC (China Railway Eryuan Engineering Group Co., Ltd.) တို့ လက်မှတ်ရေးထိုးကြသည့် ယခု MoU တွင် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု (FS:_Feasibility Study) ကာလကို နှစ်နှစ် သတ်မှတ်ထား သော်လည်း တစ်နှစ်ခန့့်အတွင်း အပြီး ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ယခု နားလည်မှု စာချွန်လွှာသည် နှစ်နိုင်ငံအကြား အရေးပါသော ပြယုဂ် အဖြစ်သာမက နှစ်နိုင်ငံ ပြည်သူများ ရေရှည် အကျိူးစီးပွား ဖြစ်ထွန်းမှုကို ဖော်ဆောင်နိုင်မည့် စီမံကိန်းကြီး တစ်ခုပေါ်ပေါက်လာလိမ့်မည် ဟု ယုံကြည် မျှော်လင့်ထားပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။

မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

MoU ထိုးပွဲသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က “မူဆယ် – မန္တလေး ရထားလမ်း စီမံကိန်း Feasibility study လုပ်ငန်း အဆင်ပြေ ချောမွေ့စွာ ပြီးမြောက် အောင်မြင်မယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်၊ ဒီစီမံကိန်းကို အမြန်ဆုံး အကောင် အထည် ဖော်ဖို့လည်း မျှော်မှန်းထားပါတယ်၊ ဒီရထားလမ်းဟာ နှစ်နိုင်ငံက The Belt & Road နဲ့ တရုတ် – မြန်မာ စီးပွားရေး စြင်္ကံကို အတူကွ တည်ဆောက်ရေးအတွက် အားသစ်လောင်းပေးနိုင် ပါမယ်၊ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုမှာ အောင်မြင်မှုအသစ် ရရှိနိုင်ပြီး တရုတ် – မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ကိုလည်း ပိုမို တိုးတက် ဖြစ်ထွန်းစေနိုင်ပါမယ်၊ ဒီရထား လမ်းဟာ မြန်မာနိုင်ငံ စီးပွား ဖွံ့ဖြိုး တိုးတက်မှု နဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း တည်ငြိမ်အေးချမ်းမှုကို များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြောက်ပိုင်း အရေးကြီးသော မြို့နယ်များနှင့် စီးပွားရေး အချက်အချာကျသော နေရာများ ကို ဖြတ်သန်းသွားမည့် အဆိုပါ ရထားလမ်းသည် ၄၃၁ ကီလိုမီတာ ရှည်လျားပြီး ဖောက်လုပ်ပြီးပါက တစ်နာရီလျှင် ကီလို ၁၆၀ နှုန်း ပြေးဆွဲရန် လျာထားကြောင်း၊တရုတ် – လာအို၊ တရုတ် – ထိုင်း ရထား လမ်းများနှင့် ထပ်တူ ထပ်မျှဖြစ်သော စံချိန် စံညွှန်းများ အတိုင်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း လည်း သံအမတ်ကြီးက ပြောခဲ့သည်။အဆိုပါအခမ်းအနားသို့ ပို့/ဆက်ဝန်ကြီးနှင့်အတူ စီမံ / ဘဏ္ဍာ ဒုတိယ ဝန်ကြီးဦးမောင်မောင်ဝင်း၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ ပို့ / ဆက် မှ ဒုတိယ ဝန်ကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး သံအမတ်ကြီးနှင့် သံရုံးမှ အရာရှိကြီးများ၊ CREEC ၏ ဥက္ကဌ Mr. Zhu Ying နှင့် ၎င်း ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာန အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.