Connect with us

Economy

မြန်မာ နိုင်ငံ ရှိ လုပ်ငန်း ကုမ္ပဏီ များ လူမှုရေး တာဝန်ယူမှု နှင့် အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး တွန်းအားပေး ဆောင်ရွက်ရန် အတွက် CNTAC သင်တန်းပို့ချ


ရန်ကုန် ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ကုမ္ပဏီ များ လူမှုရေး တာဝန်ယူမှု နှင့် အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး တွန်းအားပေး ဆောင်ရွက်ရန် အတွက် တရုတ် နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ် (China National Textile And Apparel Council, CNTAC) က အောက်တိုဘာ ၁၈ ရက် မှ ၁၉ ရက် အထိ ရန်ကုန် မြို့ တွင် သင်တန်း ပို့ချမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

CNTAC မှ ပို့ချပေးသည့် သင်တန်း အား အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်း အချိန်တွင် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) ရုံး တွင် စတင်ဖွင့်လှစ် ခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမနီ နိုင်ငံ သံရုံး စီးပွားရေး သံမှူး Dr.Katharina Spiess ၊ CECCM ဥက္ကဋ္ဌ လျိုယင် (Liu Ying) ၊ CECCM ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း (Mr.Luo Jun) ၊ CNTAC လူမှုရေးတာဝန်ယူမှု ဆိုင်ရာရုံး ညွှန်ကြားရေးမှူး မစ္စ ယျန်ယျန် (Ms.Yan Yan) ၊ မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် တို့တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က အဖွင့် အမှာစကား ပြောကြားရာတွင် လတ်တလော နှစ်ပိုင်း အတွင်း ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက် တွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များက မြန်မာ နိုင်ငံ ၌ အထည်ချုပ် လုပ်ငန်း နှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပြုလုပ်လာခဲ့ပြီး မြန်မာ နိုင်ငံ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလ အတွင်း မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ပြည်ပ တင်ပို့မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံ ရှိခဲ့ပြီး ပြည်ပ သို့ တင်ပို့သည့် တန်ဖိုးအများဆုံး ကုန်ပစ္စည်း ဖြစ်လာ ခဲ့ကာ တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ က များစွာ အထောက်အကူ ပြုခဲ့ကြောင်း ၊ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ အနေဖြင့် ဒေသတွင်း လူမှုပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေမှု ရှိအောင် တက်ကြွစွာ ဆောင်ရွက်ပြီး လူမှုရေးလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကာ အလုပ်ရှင်အလုပ်သမား ဆက်ဆံရေး အား ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ယခု ပြုလုပ်ပေးသည့် သင်တန်း က မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ လူမှုရေးတာဝန်ယူမှု နှင့် ပတ်သက်၍ ပိုမို သိရှိနားလည်လာပြီး ကောင်းမွန်သည့် တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပုံရိပ် ဖြစ်တည်စေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ် (CNTAC) ပို့ချသည့် သင်တန်း ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ် (CNTAC) ပို့ချသည့် သင်တန်း ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမနီ နိုင်ငံ သံရုံး စီးပွားရေး သံမှူး Dr.Katharina Spiess က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) ဥက္ကဋ္ဌ လျိုယင် (Liu Ying) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

CNTAC မှ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်းရုံး တွင် သင်တန်း ပို့ချနေစဉ်(ဆင်ဟွာ)

CNTAC မှ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်းရုံး တွင် သင်တန်း ပို့ချနေစဉ်(ဆင်ဟွာ)

CNTAC မှ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်းရုံး တွင် သင်တန်း ပို့ချနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က မြန်မာ နိုင်ငံ ရှိ အထည်ချုပ်လုပ်ငန်း များ လူမှုရေးတာဝန်ယူမှု တွန်းအား ပေး ဆောင်ရွက်ရန် အတွက် MGMA အနေဖြင့် အောက်တိုဘာ ၁၇ ရက် ၌ CNTAC နှင့် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြောင်း ၊ MGMA အနေဖြင့် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် အတူတကွ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမနီ နိုင်ငံ သံရုံး စီးပွားရေး သံမှူး Dr.Katharina Spiess က အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ကဏ္ဍ တွင် ရင်ဆိုင်နေရ သည့် စိန်ခေါ်မှုများ နှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး တို့ မှ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ လုပ်ငန်းရှင်များ အနေဖြင့် မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် အတွက် သင်တန်း ပို့ချမှု များ ဆောင်ရွက်ခြင်း ကို ဂျာမနီ နိုင်ငံ အနေဖြင့် ထောက်ခံအားပေးကြောင်း ၊ ယခု ပြုလုပ်ပေးသည့် သင်တန်း မှ တစ်ဆင့် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ကဏ္ဍ အလုပ်သမားများ၏ လူနေမှုဘဝ ကို ပိုမို အဆင့်မြှင့်တင် ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

CNTAC အနေဖြင့် ယခု ဖွင့်လှစ်သည့် သင်တန်း အား CECCM ၊ Ethical Trading Initiative ၊ German Cooperation နှင့် SMART Myanmar စသည့် အဖွဲ့အစည်း များ နှင့် ပူးပေါင်းဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး သင်တန်း ပို့ချစဉ် အတွင်း တရုတ် နိုင်ငံ အထည်ချုပ်လုပ်ငန်းများ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တွင် တာဝန်ယူမှုရှိသည့် လုပ်ငန်း ဖြစ်တည်ရန် အတွက် လမ်းညွှန်မှုများ ၊ CSR လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ ၊ လုပ်ငန်းအတွင်း အမျိုးသား/အမျိုးသမီး တန်းတူညီမျှမှု နှင့် လူမှုရေး တာဝန် တို့အား တွန်းအားပေး ဆောင်ရွက်ရေး ၊ မြန်မာ နိုင်ငံ စီးပွားရေး ပတ်ဝန်းကျင် နှင့် ပတ်သက်၍ မူဝါဒ ၊ ဥပဒေ နှင့် စီမံခန့်ခွဲမှု စနစ် ၊ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာ တွင် သက်ဆိုင်သည့် ဥပဒေများ ၊ မြန်မာ နိုင်ငံ ယဉ်ကျေးမှု ကို အခြေခံသည့် ဆက်ဆံမှု နှင့် စီမံခန့်ခွဲမှု စနစ် ၊ မြန်မာ နိုင်ငံ ရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အလုပ်ရှင်အလုပ်သမား အကြား ဆက်ဆံရေး တွန်းအားပေး ဆောင်ရွက်မှု ၊ ETI ၏ အခြေခံ ကျင့်ဝန် နှင့် လူမှုရေး တာဝန်ယူမှု သတ်မှတ်ချက် များနှင့် ပတ်သက်၍ သင်တန်း ပို့ချမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.